KNU တပ်မဟာ ၅ တွင် တစ်နှစ်အတွင်း G-3 အဆင့်အပါအဝင် စစ်အုပ်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံးခဲ့

KNU တပ်မဟာ ၅ တွင် တစ်နှစ်အတွင်း G-3 အဆင့်အပါအဝင် စစ်အုပ်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဒီဇင်ဘာလအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း G-3 အဆင့်အပါအဝင် စစ်အုပ်စု တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

မူတြော်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA နှင့် စစ်အုပ်စုတပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ‌ပေါင်း (၁၁၁၃) ကြိမ်အတွင်း စစ်‌အုပ်စုတပ်ဘက်မှ G-3 တစ်ဦးအပါအဝင် (၂၈၄) ဦး‌သေဆုံးပြီး (၄၅၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို၏ ယမန်နေ့ (ဇန်နဝါရီလ ၁၃ ရက်) တွင် တိုက်ပွဲအနှစ်ချုပ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ သေဆုံးသူများထဲတွင် G-3 တစ်ဦး၊ တပ်ရင်းမှူးတစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ဒုတပ်တစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသည့်အထဲတွင်လည်း ဗိုလ်မှူးနှင့် တပ်ကြပ်အဆင့်များ ပါဝင်ခဲ့ကြောင်း KNU နှစ်ချုပ်စာရင်းတွင် ဖော်ပြပါရှိသည်။

၎င်းအပြင် စစ်အုပ်စု၏ ဌာနဆိုင်ရာ အ‌ဆောက်အဦး (၁၂)လုံးလည်း နယ်‌မြေခံ KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှုအတိအကျကို ထုတ်ပြန်ထားသော စာရင်းတွင် ဖော်ပြထားခြင်းမရှိပေ။

တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က‌ “ တိုက်ပွဲအဖြစ်များရတဲ့ အကြောင်းက စကစတွေက သူတို့နေရာတချို့ပြန်ယူဖို့ ကြိုးစားနေတာလေ။ သူတို့ စခန်းကနေ လှမ်းပစ်ခတ်တာတွေ ပြီးတော့ ထိန်းချုပ်ခံနေရတဲ့ စခန်းတွေကို အပြင်ကနေ စစ်ကူလာဖို့ သူတို့ စစ်ကြောင်းထိုးလာတာတွေ မကြာမကြာ လုပ်တော့ တိုက်ပွဲတွေလည်း ခဏခဏ ဖြစ်တာ‌ပေါ့။ လောဆယ် သူတို့ နယ်မြေစိုးမိုးမှုကတော့ သူတို့ စခန်းရှိတဲ့ နေရာတွေလောက်ပဲ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

KNU ၏ ထုတ်ပြန်ချက်အရ တပ်မဟာ (၅)နယ်‌မြေအတွင်း စစ်‌အုပ်စုတပ်များသည် အရပ် သားပြည်သူ လုပ်ကိုင်စား‌သောက်သည့် လယ်၊ ယာနှင့် ဥယျာဉ်ခြံ‌မြေများထဲသို့ တစ်နှစ်အတွင်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးဖြင့် အကြိမ်‌ပေါင်း (၂၂၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ(၈)ဦး ‌သေဆုံးပြီး (၃၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ စစ်အုပ်စု၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် လယ်ယာ၊ တောင်ယာများ၊ ထိခိုက်ပျက်စီးခဲ့သည့်အပြင် နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးများနှင့် အိမ်မွေးတိရစ္ဆာန်များ ဆုံးရှုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...