စစ်အုပ်စုလော်ဘီ ကျော်စိုးဦး အဖမ်းခံရပြီဆိုတဲ့ သတင်းအမှား

စစ်အုပ်စုလော်ဘီ ကျော်စိုးဦး အဖမ်းခံရပြီဆိုတဲ့ သတင်းအမှား

စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့ သတင်းလူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ပြည်တွင်းပြည်ပ သတင်းစုံ ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဇန်နဝါရီ ၈ ရက်နေ့မှာ “ကျော်စိုးဦး ပါသွားပြီ” လို့ရေးသားထားတဲ့ ပုံတပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။ ပုံထဲမှာတော့ ကျော်စိုးဦး ထိတ်တုံးခတ်ခံထားရတဲ့ပုံနဲ့အတူ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အုတ်ဂူပေါ်မှာ ခြေထောက်တင်ပြီး ဖိနပ်ကြိုးစည်းပြတဲ့ ပုံလည်း ပါဝင်ပါတယ်။

ဒီသတင်းတွေကို အခြားအကောင့်နဲ့ ပေ့ချ်တွေကနေလည်း ဖြန့်ဝေနေကြတာပါ။ စစ်အုပ်စုကို ထောက်ခံတဲ့ ကျော်စိုးဦးဟာ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အုတ်ဂူပေါ်မှာ ခြေထောက်တင်ပြီး ဖိနပ်ကြိုးစည်းပြတဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက်မှာ ယခုလိုမျိုး ကျော်စိုးဦးကို ဖမ်းဆီးဖို့၊ လုပ်ကြံဖို့ ဆော်ဩ နေကြချိန်မှာ ပျံ့နှံ့လာတာပါ။

မဇ္ဈိမက ဒီပျံ့နှံ့နေတဲ့ပုံနဲ့ ကျော်စိုးဦးအဖမ်းခံရခြင်း တကယ်ရှိမရှိ အချက်အလက်စစ်ဆေးခဲ့ပါတယ်။

အရင်ဆုံး ပျံနှံ့နေတဲ့ ပုံကို ပုံတွေရဲ့ ဇစ်မြစ်ကို ရှာဖွေတဲ့ Google Image Search နဲ့ ရှာဖွေရာမှာ အနောက်က ခြံစည်းရိုး၊ အုတ်နီခဲ၊ အပင်တွေနဲ့၊ မြေကြီးအရောင်တွေပါ တူညီနေပြီး ထိတ်တုံးခတ်ခံရတဲ့ လူမတူညီတဲ့ ပုံတပုံကိုတွေ့ရပါတယ်။ ဒီပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ DVB သတင်းဌာနနဲ့ KIC သတင်းဌာန တို့မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှာ PDF ဂိတ်ကို လမ်းမှားဝင်လာတဲ့ စစ်ဗိုလ်နဲ့ အမျိုးသမီးကို ဖမ်းဆီးတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

လင့် - https://shorturl.at/W0O71 , https://shorturl.at/8O2Sk

စစ်အုပ်စု ထောက်ခံသူ ကျော်စိုးဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်စု ပြန်လည်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူး၊ လက်ပံလှ နဲ့ သပိတ်ကျင်း တလျှောက်ကို အခြား စစ်လော်ဘီတွေဖြစ်တဲ့ သဇင်ဦး၊ နောင်တော်လေး တို့တွေနဲ့ ခရီးသွားနေတာပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမှာ ရှိနေတာ မဟုတ်ပါဘူး။

ဒါ့အပြင် ကျော်စိုးဦးရဲ့ တယ်လီချန်နယ်မှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်မှာ နေကောင်းကျန်းမာလျက်ပါ ဆိုတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကို ဖြန့်ဝေထားတာတွေ့ရပါတယ်။ 

လင့် - https://t.me/peoplemediamyanmar/15834

ဒါ့ကြောင့် စစ်အုပ်စု ထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့ သတင်းမှာပါတဲ့ ပုံဟာ မူရင်း ပုံကို Photoshop ဒါမှမဟုတ် AI နည်းပညာသုံးပြီး ပြုပြုင်ထားတာဖြစ်ပါတယ်။

အခုလက်ရှိမှာ လူဖတ်များနေတဲ့ သတင်းဖြစ်စဉ်ကို အခြေခံကာ ပုံအတုဖန်တီးပြီး သတင်းမှားတွေနဲ့ ဝင်ငွေရှာနေတဲ့ ဝက်ဆိုဒ် ချန်နယ်တွေကနေ ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...