ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ICNCC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ဟုဆို

ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ICNCC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ဟုဆို

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) သည် ညီလာခံကျင်းပ၍ ချင်းအမျိုးသား ပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု ယနေ့မှာ ကြေညာသည်။

ပထမအကြိမ် ညီလာခံကို ICNCC က ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ယနေ့ ဇန်နဝါရီလ ၉ ရက်မှာ ထုတ်ပြန်သည်။

ညီလာခံတွင် ချင်းအမျိုးသား ပဋိညာဉ်ကို ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲပြီး အတည်ပြဋ္ဌာန်း  လိုက်သော အဆိုပါပဋိညာဉ်အရ ICNCC ကို ချင်းပြည်နယ် ရွေးကောက်တင်မြောက်ခံရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သော ကိုယ်စားလှယ်များ အစုအဖွဲ့၊ ချင်းညီနောင်၏ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်များအစုအဖွဲ့နှင့် စစ်ကော်မရှင်နှင့် ပူးပေါင်းခြင်း မရှိသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ CDMers များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံရပ်ခြားမှ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော အစုအဖွဲ့ ၊ စုစုပေါင်း အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ICNCC သည် ချင်းပြည်ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့သော ချင်းညီနောင်၏ စိုးမိုးနယ်မြေများတွင် နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်အသွင်ဖြင့် ချင်းပြည်နှင့် ချင်းပြည်လူထုအား ဝန်ဆောင်မှု ပေးအပ်သွားမည်ဟု ဆိုသည်။

နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ် အသွင်ဖြင့် ဆောင်ရွက်ရာမှာ အဆင်ပြေလွယ်ကူ စေရန် ကောင်စီဝင် ၁၉ ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ညီလာခံတွင် ရွေးချယ်ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ညီလာခံတွင် တော်လှန်ရေးမှာ ပါဝင်သော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းညီနောင်အဖွဲ့ဝင်များ၊ စစ်ကော်မရှင်နှင့် မပူးပေါင်းသော နိုင်ငံရေးပါတီ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ CDMers များ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၉၇ ဦး တက် ရောက်သည်ဟု သိရသည်။

ICNCC အနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ တရားမျှတမှုနှင့် တန်းတူညီတူရှိမှုကို အခြေခံသော ချင်းပြည်ကို စုစည်းတည်ဆောက်နိုင်ရန်နှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။

July 15, 2026
မလေးရှားနိုင်ငံတစ်ဝန်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ရာ နာမည်ကြီးနေရာ ၁၈...
July 14, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍...
July 10, 2026
ချင်းပြည် တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်...
July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...