ပို့ကုန်ရငွေ လဲလှယ်ပေးရမည့် ပမာဏ စစ်ကော်မရှင်က ၁၀ ရာခိုင်နှုန်း လျှော့ချ

ပို့ကုန်ရငွေ လဲလှယ်ပေးရမည့် ပမာဏ စစ်ကော်မရှင်က ၁၀ ရာခိုင်နှုန်း လျှော့ချ
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ်ငွေဖြင့် လဲလှယ်ပေးရမည့် ပမာဏကို ၁၀ ရာခိုင်နှုန်းလျှော့ချသတ်မှတ်လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၈) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။  (MOI)
ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ်ငွေဖြင့် လဲလှယ်ပေးရမည့် ပမာဏကို ၁၀ ရာခိုင်နှုန်းလျှော့ချသတ်မှတ်လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၈) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ (MOI)

ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေကို စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ်ငွေဖြင့် လဲလှယ်ပေးရမည့် ပမာဏကို ၁၀ ရာခိုင်နှုန်း လျှော့ချသတ်မှတ်လိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၈) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင် နှုန်းကိုသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

အဆိုပါ သတ်မှတ်ချက်သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

“ကျွန်တော်တို့ Export (ပို့ကုန်) ပို့လိုက်တဲ့ ဒေါ်လာရနိုင်တဲ့အနေအထားက နည်းနည်း ပိုရသွားတဲ့အနေအထားတော့ ရောက်သွားတာပေါ့။ အဲ့တာဆိုရင်တော့ နောက်ပိုင်းကျရင်တော့ Export တော့ နည်းနည်းပိုထွက်နိုင်တဲ့ အနေအထားတော့ ရှိလာနိုင်မယ်လို့တော့ မှန်းတယ်ပေါ့” ဟု ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောသည်။

သို့သော် တဖက်တွင်လည်း သွင်းကုန်ကဏ္ဍတွင် ပိုမိုတင်းကျပ်ထားပြီး သွင်းကုန်အကုန်လုံးနီးပါး ပိတ်ပင်ထားသည့် ပုံစံဖြစ်နေ၍ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်မာလာနေကာ ငွေဈေး ဖြစ်သင့်သည့်အနေအထားတွင် မရှိသည့် အတွက် အခက်အခဲရှိကြောင်းလည်း သူက ဆိုသည်။

လက်ရှိ စစ်ကော်မရှင်၏ ၁၀ ရာခိုင်နှုန်းဖြေလျှော့မှုအရ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့် လဲလှယ်ပေးရမည်ဖြစ်ပြီး ကျန် ၈၅ ရာခိုင်နှုန်းကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များတွင် လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။

“(ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကိုလည်း) လွတ်လပ်စွာတော့ မရဘူး။ AD ဘဏ်ထဲဝင်လာတဲ့ဟာကို အရင်လိုတော့ တခြား Importer ကို လွယ်လွယ်ကူကူ လွှဲပြောင်းလို့တော့ မရဘူး။ ဘဏ်ကိုပဲ ပြန်ရောင်းပေးရတာပိုများတယ်။ အကယ်၍ ကိုယ့်ကုမ္ပဏီက Import ပါလုပ်တယ်၊ Import လိုင်စင်ရထားရင်တော့ အဲ့ဒီပိုက်ဆံ ၈၅ ရာခိုင်နှုန်းကို ပြန်အသုံးပြုခွင့် ရတယ်ပေါ့နော်” ဟု အဆိုပါ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူက ပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်ရှိလာသည့် စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ပြီး ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် လဲလှယ်ရယူခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ၅၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာလတွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၂၄ ဩဂုတ်လတွင် ၂၅ ရာခိုင်နှုန်း၊ လက်ရှိတွင် ၁၅ ရာခိုင်နှုန်းသို့ အဆင့်ဆင့် ပြန်လျှော့ချခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်က ပို့ကုန်ကဏ္ဍတွင် ဖြေလျှော့ပေးလာသော်လည်း သွင်းကုန်ကဏ္ဍတွင် ပိတ်ပင်မှုများ ပိုမိုပြုလုပ်လာပြီး ၂၀၂၅ ခုနှစ် ဇွန်လ မတိုင်ခင်ကထက် လက်ရှိတွင် လုံးဝ ပိတ်လိုက်သည့် အနေအထားဖြစ်နေကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းလောက်သာရကြောင်း၊ တရားဝင်ရော၊ တရားမဝင်လမ်းကြောင်းရော ပစ္စည်းများတင်သွင်းရန် ခက်ခဲနေကြောင်း ပို့ကုန်၊ သွင်းကုန်အသိုင်းအဝိုင်းထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

February 19, 2026
ရောင်နီ — မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ထိန်းသိမ်းခံထားရသည့်...
February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...