သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ဆက်သွယ်ရာတွင် အဓိကလမ်းမဖြစ်သော ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဘက်မှ ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ငွေကြေးအဆမတန်တောင်းခံမှုကြောင့် ကားကြီး များသာ အဓိကသွားလာကြသည်ဟု သိရသည်။

ကလေး- သိုင်ငင်းလမ်းမကို ဇန်နဝါရီလ ၇ ရက်နေ့ညနေပိုင်းတွင် ပြန်လည် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

“ ကလေး-သိုင်ငင်း-တီးတိန်လမ်းကတော့ ကောင်းကောင်းသွားလို့ရနေပြီ။ တီးတိန်ဘက်ဆိုရင်  Zoland ကတော့ ကနေဒီ တောင်ကို သိမ်းပိုက်ပြီးတဲ့ နောက်ရက်မှာပဲ လမ်းကို ချက်ချင်းပြန်ဖွင့်ပေးတယ်။ အခုဟာကတော့ ဒကစ ကနေ သိုင်းငင်း လမ်းဖွင့်ပေးလိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ ၈ မိုင်ကနေ ပိန်းပိဘက်တော့ ပိတ်တယ်လို့လဲကြားတယ်” ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကလေး-သိုင်းငင်းကားလမ်းမကြီဂကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သော်လည်း ကလေး နှင့် သိုင်းငင်း ကြားတွင် တပ်စွဲထားကြသော စစ်ကော်မရှင်တပ်ဖွဲ့များက ခရီးသွားယာဉ်များကို ငွေကြေးအဆမတန် တောင်းခံနေသည်ဟု သိရသည်။

“သိုင်းငင်းလမ်းဖွင့်ပြီ။ ၆ ဘီးရှည်၊ ကားကြီး ဆယ်ဘီး၊ ၁၂ ဘီးကားတွေပဲ သွားတယ်။ သိုင်းငင်းမှာက စစ်သားတွေ ငွေ တောင်းတာ များလွန်းလို့ ပေါင်မုန့်ကားတို့၊ ဂျစ်ကားတို့ဆိုရင် ပိန်းပိလမ်းပဲ လိုက်ကြတယ်။ အဲဘက်ဆိုရင် ပိုက်ဆံ တောင်းတာ မရှိလို့လေ” ဟု ကားသမားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကလေးမြို့မှ တီအိုချောင်းဘက် အတက်ကားများရှိပြီဟု သိရပြီး သိုင်းငင်းတွင် စစ်ကော်မရှင်တပ်သားများက သိန်းနဲ့ချီ ကောက်ခံသော်လည်း အခြားလမ်းမကြီးမရှိတာကြောင့် ၎င်းတို့တောင်းခံသမျှ လိုက်လျောနေရသည်ဟု ကားသမားများထံမှ သိရသည်။

ထို့အပြင် သိုင်းငင်း၊ ဟိန်ဇိန်နှင့် ထေးဇန် ကျေးရွာများရှိ စစ်ကော်မရှင်တပ်စခန်းများတွင် ခရီးသွားပြည်သူများကို ငွေကြေးတောင်းခံရုံသာမက တင်းကြပ်စွာ စစ်ဆေးမှုများပါ ပြုလုပ်နေကြောင်း သိရသည်။

အထူးသဖြင့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ် Toolbox များဖွင့်လှစ်စစ်ဆေးနေသည့်အပြင် ခရီးသွားများ၏ ပစ္စည်းနှင့် မှတ်ပုံတင်များကိုပါ အသေးစိတ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ နှစ်လည်ပိုင်းကစ၍ ကလေး- သိုင်းငင်းလမ်းပိုင်းကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

April 21, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့်...
April 20, 2026
တော်လှန်ရေးကာလ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့်...
April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...