လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် ကုန်တင်အမြန်ရေယာဉ်များ သုံးလကျော်ကြာမှ ဟုမ္မလင်းသို့ဆိုက်ရောက်

လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် ကုန်တင်အမြန်ရေယာဉ်များ သုံးလကျော်ကြာမှ ဟုမ္မလင်းသို့ဆိုက်ရောက်

ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ ကလေးခရိုင်အတွင်းမှာ ပိတ်မိနေတာ သုံးလဝန်းကျင်ကြာမြင့်ခဲ့ပြီးမှ ဟုမ္မလင်းမြို့ကို ဇန်နဝါရီ ၆ ရက်မှာ ဆိုက်ရောက်မှုတွေရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ စက်လှေတချို့ဝင်လာတာတွေ့ရတယ်၊ စက်သုံးဆီနဲ့ဆောက်လုပ်ရေးပစ္စည်းအဓိကပါမယ်၊ ဒီတစ်ခါလည်းအရင်လိုပဲ သုံးလေးလလောက်လမ်းမှာတင်နေတာ” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

အမြန်ယာဉ်တွေဟာ ကလေးဝမြို့နယ်ဂဇက်ကျေးရွာက NUG စစ်ဆေးရေးဂိတ်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ပိတ်ဆို့ခံထားရပြီး ဒီဇင်ဘာလမှာပြန်လည်လွှတ်ပေးခဲ့တာလို့သိရပါတယ်။

ဒီလိုပြန်လွှတ်ပေးရာမှာလည်း မော်လိုက် ၊ ဖောင်းပြင် စတဲ့ဒေသက လက်နက်ကိုင်တပ်တွေကို အခွန်အသီးသီးပေးဆောင်ခဲ့ရပြီး လမ်းပိုင်းမှာလည်း ထပ်မံပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တယ်လို့ စက်လှေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ကုန်စည်သယ်ဆောင်ရေးရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ရေလမ်းကြောင်းတွေပိတ်ဆို့ခံရမှုတွေကြောင့် ဟုမ္မလင်းမြို့ရဲ့ ကုန်ဈေးနှုန်းတွေဟာ တခြားဒေသထက် သုံးဆကျော် ဈေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဟုမ္မလင်းမြို့မှာ ကုန်ဈေးနှုန်းစံချိန်တင်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ကုန်တင်အမြန်ရေယာဉ်တွေဟာ လမ်းကြောင်းပိတ်ဆို့မှု ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်  တစ်နှစ်ကို နှစ်ကြိမ်သာ ဆိုက်ကပ်နိုင်ကြောင်း သိရပါတယ်။

Photo credit_ Facebook 

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...