ကရင်နီပြည်တပ်မတော်က နှစ်သစ်ကူးကာလ (၁၈) ရက်အတွင်း အရေးကြီးကာလအဖြစ် သတိပေး

ကရင်နီပြည်တပ်မတော်က နှစ်သစ်ကူးကာလ (၁၈) ရက်အတွင်း အရေးကြီးကာလအဖြစ် သတိပေး

ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉) ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ၁၈ ရက်အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်ကြောင်း ကရင်နီပြည်တပ်မတော် ( KA ) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ဒီကနေ့မှာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ရန်သူဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ ခုနှစ်ကနေ ဒီကနေ့အချိန်ထိ ခရစ္စမတ်ချိန်၊ နှစ်သစ်ကူးချိန်မှာ သတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ ယုတ်မာမှုတွေကို ပြုလုပ်နေတာ ကြုံတွေ့နေရပြီး လက်ရှိမှာလည်း နှစ်သစ်ကူးကာလဖြစ်တာကြောင့် လူစုလူဝေးပြုလုပ်တာ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာကို မပြုလုပ်ကြဖို့၊ သတိကြီးစွာ နေထိုင်သွားလာကြဖို့ကို သတိပေးထားပါတယ်။

ဒါ့အပြင် မိမိရဲ့ တော်လှန်ရေး သက်တမ်း (၅၀) ကျော်ခရီးမှာလည်း နိုင်ငံရေးလိမ်လည်မှုကြီးကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

၁၉၇၄ ခုနှစ်တကြိမ် ၊ ၁၉၉၀ခုနှစ် တကြိမ်၊ ၂၀၁၀ခုနှစ် တကြိမ် အာဏာရှင်အဆက်ဆက် နိုင်ငံရေး လိမ်လည်မှုဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာလည်း နိုင်ငံရေး လိမ်လည်မှုကြီးကို ထပ်မံပြုလုပ်ကြမှာ ဖြစ်တာကြောင့် လွိုင်ကော်မြို့တွင်း၊ မြို့ပြင်က ကရင်နီလူထုတွေကို သတိထားကြဖို့လည်း တစ်ပါတည်း နှိုးဆော်သတိပေးထားပါတယ်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...