ဆေးရုံး ဗုံကြဲခံရမှု နောက်ဆက်တွဲ ရခိုင်ပြည်သူများ ဆေးကုသရန် အခက်အခဲဖြစ်

ဆေးရုံး ဗုံကြဲခံရမှု နောက်ဆက်တွဲ ရခိုင်ပြည်သူများ ဆေးကုသရန် အခက်အခဲဖြစ်

ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း ဆေးရုံများသည် လေကြောင်းအန္တရာယ်ကို စိုးရိမ်ကာ နေရာအတည်အကျမရှိ ရွှေ့ပြောင်းနေရသောကြောင့် ဒေသခံများ ဆေးကုသရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။

ရခိုင်ဆေးရုံးဆေးခန်းများသည် လက်ရှိတွင် နေရာပြောင်းရွှေ့မှုများနှင့်၊ သွားလာရ ခက်ခဲမှု၊ အဆက်သွယ် များပြတ်တောက်မှု၊ ဆေးဝါးမလုံလောက်မှုများကြောင့် အရေးအပေါ်ဆေးကုသမှု ခံယူရမည့် လူနာများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက “အခုလို မြောက်ဦးဆေးကြီးကို ဗုံးကြဲပြီးနောက် ဆေးကုသဖို့ တော် တော်လေးကို ခက်အခဲဖြစ်တယ်။ မြောက်ဦးဆေးရုံက ရခိုင်ပြည်သူတွေ အဓိက အားကိုးအားထားရာနေရာ တစ်ခုလည်းဖြစ်တယ်။ လမ်းပန်ဆက်သွာရေးကောင်းတော့ သွားရလာရတာပိုပြီး အဆင်ပြေတာပေါ့။ ဖြစ်စဉ်ပြီးနောက် နေရာအပြောင်းလဲကြောင့် ကျနော်တို့လို လူနာတွေအတွက် သွားရလာရတာ တော်တော်လေးကို အခက်ခဲတွေတယ်” ဟု ပြောသည်။

မြောက်ဦး ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရလူနာများအတွက် အရေးပေါ်ဆေးကုသရန် ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများကို တတ်နိုင်သလောက်ကူ ညီပေးကြရန် နိုင်ငံတကာနှင့် လူမှုအဖွဲ့အစည်းများကို အာရက္ခတပ်တော်က အကူအညီတောင်းခံထားသည်။

လက်ရှိတွင် မြောက်ဦးပြည်သူ့ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုံးဝရပ်တန့်ခဲ့ကာ အရေးပေါ် လူနာများမှာ အခက်ခဲများစွာရှိနေပြီး အချိန်မီ ဆေးကုသခွင့်မရရှိသဖြင့် အသက်အန္တရာယ်ဆုံးရှုံးမှုများ ကြုံတွေ့ နေရကြောင်း ULA ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အခုလိုမျိူး ဆေးလိုက်ပြီး ကုသနေရတာကြောင့် ပိုက်ဆံကုန်ကျတာလည်းများတယ်။ ဘာကြောင့်လည်း ဆိုတော့ စားစရိတ်၊ နေစရိတ်က တော်တော်ကို ဈေးကြီးတယ်။ တချိူ့ ဆိုရင် ပိုက်ဆံ မတတတ်နိုင်လို့ ဆေးမ ကုသနိုင်တဲ့ သူတွေလည်းရှိတယ်” ဟု ရသေ့တောင်ဒေသခံက ဆက်ပြောသည်။

လူ့အခွင့်ရေးနေ့ ဒီဇင်ဘလ ၁၀ ရက်တွင် မြောက်ဦး ပြည်သူဆေးရုံကြီး ဗုံးကြဲခံရပြီးနောက် ရခိုင်ပြည်တွင်းမှ ဆေးရုံများမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် နေရာအတည်အကျမရှိတော့သည့်အပြင် ဆေးခန်းတစ်ချိူ့မှာ လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားမှုများလည်းရှိနေကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်တွင် ကုန်စည်စီးဆင်းမှုပိတ်ဆို့ခံထားရမှု အကျိုးဆက်အဖြစ် ဒေသတွင်းကုန်စည်များ ရှားပါးမှု၊ ဆေးဝါး ပြတ်လပ်မှုနှင့် ကြုံနေရခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်က တော်တော်လေး ဝမ်းနည်းစရာကောင်းပြီး ရခိုင်ပြည်သူတွေ အခက်အခဲဖြစ်စေတယ်။ ကျန်းမာရေး ဆိုတာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်။ အခုက ဆေးရုံ မရှိတောဘူး။ ကျန်းမာရေးဆိုတာ ခဏမဖြစ်နဲ့ ဦး ဆိုပြီးတားထားလို ရတဲ့အရာလည်းမဟုတ်ဘူး။ အသေးစားနေမကောင်း သူတွေလည်းရှိမယ်၊ အရေးပေါ် လူနာတွေလည်းရှိတယ်။ တချိူ့ဆိုရင် လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင်း နေမကောင်း ဖြစ်ရင်တောင် ဆေးခန်းပြဖို့ မသွားရဲကြဘူး” ဟု မြောက်ဦးမြို့ခံအမျိုးသား တစ်ဦးကပြောသည်။

ထို့အတူ လက်ရှိကျန်းမာရေး မကောင်းသူတို့မှာလည်း ဆေရုံးဆေးခန်းများတွင် သွားကုသရေး အပိုင်းတွင် လေကြောင်းအန္တရာယ် စိုးရိမ်ချက်များ မြင့်တက်နေကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီသည် လူစုလူဝေးရှိသော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဆေးရုံများ၊ စစ်ဘေးရှောင်စခန်များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...