တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်တွင် တပ်စွဲထားသော ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင် တပ်စခန်းကို ချင်းညီနောင်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီမှစတင်၍ တီးတိန်မြို့အဝင်က ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် တပ်စွဲထားသော တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင်တပ်စခန်းငယ်ကို ချင်းညီနောင်ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF – Zoland က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။

“တိုက်ပွဲကြာချိန်ကတော့ ၃ နာရီကျော်မယ်ဗျ။ အကုန်လုံးကိုတော့ ရှင်းလင်းနိုင်ခဲ့တယ်။ သတင်းကတော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဖြစ်ပါမယ်” ဟု PDF – Zoland ၏ စစ်ဦးစီးချုပ် Gideon က ပြောသည်။

ယင်းနေရာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်သည် တီးတိန်မြို့၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် ယင်းအဝင်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူနိုင်ရေး တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

PDF – Zoland ၏ ထုတ်ပြန်ချက်တွင် စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ငယ် ၃ လက်၊ ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

July 2, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က...
July 1, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် တပ်မ (၇၇) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည်...
June 30, 2026
အာဏာသိမ်းစစ်တပ်၏ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်...
June 26, 2026
ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်...