တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်တွင် တပ်စွဲထားသော ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင် တပ်စခန်းကို ချင်းညီနောင်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီမှစတင်၍ တီးတိန်မြို့အဝင်က ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် တပ်စွဲထားသော တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင်တပ်စခန်းငယ်ကို ချင်းညီနောင်ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF – Zoland က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။

“တိုက်ပွဲကြာချိန်ကတော့ ၃ နာရီကျော်မယ်ဗျ။ အကုန်လုံးကိုတော့ ရှင်းလင်းနိုင်ခဲ့တယ်။ သတင်းကတော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဖြစ်ပါမယ်” ဟု PDF – Zoland ၏ စစ်ဦးစီးချုပ် Gideon က ပြောသည်။

ယင်းနေရာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်သည် တီးတိန်မြို့၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် ယင်းအဝင်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူနိုင်ရေး တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

PDF – Zoland ၏ ထုတ်ပြန်ချက်တွင် စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ငယ် ၃ လက်၊ ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...