ပလက်ဝတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ပလက်ဝတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိသူအမျိုးသားတစ်ဦးကို အာရက္ခတပ်တော်၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဌာန (DLEPS) က ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ ပုဒ်မဖြင့် စစ်ဆေးနေကြောင်း သိရသည်။

သံသယရှိသူမှာ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဖြစ်ကြောင်း သိရသည်။

“အဲဒီအမှုကို တစ်ပတ်ကျော်ကြာမှ ဖမ်းဆီးနိုင်ပြီလို့ သိရတယ်။ အခုကတော့ သံယရှိသူကို AA ရဲတပ်ဖွဲ့ ဒီလပ် အဖွဲ့က ဖမ်းဆီးထားပြီ။ အမှုကို စစ်ဆေးနေတယ်လို့ သိရတယ်ဗျာ။ မုဒိမ်းမှု ပုဒ်မနဲ့ စစ်ဆေးနေတာ ဖြစ်တယ်” ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၉ ရက်က ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်အား ညနေ ၅ နာရီခန့်တွင် ကျေးရွာထဲ သွားလာနေချိန် ရွာမြောက်ဘက်ခြမ်းတောစပ် အနီးတွင် ၃ ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် နစ်နာသူ မိသားစုဝင်များက အာရက္ခတပ်တော်ထံ တိုင်ကြားခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူကို အာရက္ခတပ်တော်၏ DLEPS အဖွဲ့က မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နိုဝင်ဘာ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် စစ်ဆေးနေကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်ထိန်းချုပ်ရာမြို့နယ်များတွင် အဓမ္မပြုကျင့်မှုကျူးလွန်သူများအား အာရက္ခတပ်တော်အနေဖြင့် ထိထိရောက်ရောက် အရေးယူပေးရန်နှင့် အမှုမှန်မပေါ်ပေါက်သေးသည့် အမှုများအားလည်း အလျင်အမြန် ဖော်ထုတ်ပေးရန် တောင်းဆိုကြသည်။၏

ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အမျိုးသမီးတစ်ဦးက “ဒီအမှုဟာ သက်ငယ်မုဒိမ်းမှု ကျူးလွန်တာလို့ ပြောလို့ရတယ်။ ဒါကြောင့် အမှန်တကယ် စစ်ဆေးမေးမြန်းပြီးတော့ မိသားစုအတွက် တရားမျှတမှု ရရှိဖို့ AA တရားရေးဌာနအနေနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ အသက် (၉) နှစ်အရွယ် Grade - 4 ကျောင်းသူကို ဘုန်းတော်ကြီးတစ်ပါးမှ အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို DLEPS မှ ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သံသယရှိသူ ၈ ဦးကို AA ၏ တရားဥပဒေစိုးမိုး ရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က စစ်ဆေးနေသည်။

ယင်းအပြင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်က မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာမှ အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အဓမ္မပြု ကျင့်ရန်ကြံ စည်မှုဖြစ်ပွားခဲ့သည်။

လက်ရှိ ရခိုင်တွင် အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိုအမှုများ၏ တရားမျှရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖရန် အာရက္ခတပ်တော်၏ တရားရေးဌာနကို ပြည်သူများက တောင်းဆိုနေကြသည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...