ဖားကန့်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ဖားကန့်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဆိုင်းတောင်(ဆိပ်မူကျေးရွာ)ကျေးရွာဘက်ကို မနေ့ည ၁၁ နာရီခွဲ အချိန်လောက်က စစ်ကော်မရှင်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ် တစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်စစ်ကော်မရှင်တပ်မကုန်းနဲ့ မရှီကထောင်ရခိုင်ကုန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ဘာကြောင့်ပစ်တာလဲမသိဘူး။တိုက်ပွဲလည်းမရှိဘူး။ကလေးကတော့ ဆုံးသွားပြီ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တာကြောင့် အထက်ပါအသက်မပြည့်သေးတဲ့ ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မရှီကထောင်ရခိုင်ကုန်းနဲ့ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)၊(၃)နဲ့ စန်းသီတာကုန်း စတဲ့နေရာတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေလည်းရှိပြီး နေအိမ်တွေလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ဖားကန့်စစ်ကော်မရှင်တပ်မကုန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဂျန်ဂတ်မှော်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo credit - CJ

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...