ဖားကန့်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ဖားကန့်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဆိုင်းတောင်(ဆိပ်မူကျေးရွာ)ကျေးရွာဘက်ကို မနေ့ည ၁၁ နာရီခွဲ အချိန်လောက်က စစ်ကော်မရှင်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ် တစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်စစ်ကော်မရှင်တပ်မကုန်းနဲ့ မရှီကထောင်ရခိုင်ကုန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“ဘာကြောင့်ပစ်တာလဲမသိဘူး။တိုက်ပွဲလည်းမရှိဘူး။ကလေးကတော့ ဆုံးသွားပြီ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တာကြောင့် အထက်ပါအသက်မပြည့်သေးတဲ့ ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မရှီကထောင်ရခိုင်ကုန်းနဲ့ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)၊(၃)နဲ့ စန်းသီတာကုန်း စတဲ့နေရာတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေလည်းရှိပြီး နေအိမ်တွေလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ဖားကန့်စစ်ကော်မရှင်တပ်မကုန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဂျန်ဂတ်မှော်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo credit - CJ

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...