NUCC မှ KNU နှင့် KNPP တို့ ယာယီနုတ်ထွက်စာတင်

NUCC မှ KNU နှင့် KNPP တို့ ယာယီနုတ်ထွက်စာတင်
Photo credit - KNPP,KNLA
Photo credit - KNPP,KNLA

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်ရန် စာတင်ထားကြောင်း သက်ဆိုင်ရာအဖွဲ့များက အတည်ပြုသည်။

“ယာယီရပ်ဆိုင်းတယ်လို့ပဲ NUCC ဆီကို စာပို့အကြောင်းကြားတာပါခင်ဗျ။ အဓိက အကြောင်းအရာက NUCC အားစိုက်ပြီးလုပ်ဆောင်နေတဲ့အကြောင်းအရာတွေက မြေပြင်မှာ တကယ်ပဲ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ကင်းကွာနေတဲ့အပိုင်းတွေ အများကြီး တွေ့နေရပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

အလားတူ KNPP လည်း NUCC မှ နုတ်ထွက်စာတင်ထားသည်မှာ မှန်ကန်ကြောင်း NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က အတည်ပြုသည်။

NUCC ၏ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ NUCC တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်သည်။

လက်ရှိတွင် KNU နှင့် KNPP တို့ ယာယီနုတ်ထွက်ထားသဖြင့် NUCC တွင် လက်နက်ကိုင်တပ်ဖွဲ့ရှိသည့် တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ABSDF သာ ကျန်ရှိတော့မည်ဖြစ်ဟု နားလည်ရသည်။

NUCC ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ နှင့် ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

NUCC ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို အတည်ပြုနိုင်ခဲ့ပြီး ထိုညီလာခံအပြီးတွင် ပဋိညာဉ်ရေးဆွဲရာ၌ ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် Kachin Political Interim Coordination (KPICT) တို့က NUCC မှ နုတ်ထွက်သွားခဲ့သည်။

ပဋိညာဉ်အရ NUCC သည် ခြောက်လတကြိမ် ပြည်သူ့ညီလာခံကို ဦးဆောင်ကျင်းပကာ တော်လှန်ရေးလုပ်ငန်းများကို မဟာဗျူဟာချမှတ်ပြီး အစီအမံများကို ရေးဆွဲပေးရမည်ဆိုသော်လည်း နှစ်နှစ်အကြာ ၂၀၂၄ ခုနှစ် ဧပြီလတွင်မှ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့သည်။ ထို ဒုတိယအကြိမ်ညီလာခံနောက်ဆုံးရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိကြပေ။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...