အင်းတော်မြို့ကို ပကဖက ညမထွက်ရအမိန့်ထုတ်ပြန်

အင်းတော်မြို့ကို ပကဖက ညမထွက်ရအမိန့်ထုတ်ပြန်

NUG က သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့ကို အင်းတော် ပကဖက ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 

အင်းတော်မြို့ ညမထွက်ရအမိန့်ဟာ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်တယ်လို့ Indaw Revolution (IR) မှ သိရပါတယ်။ 

ညမထွက်ရအမိန့်ထုတ်ပြန်မှုဟာ အင်းတော်မြို့အတွင်းမှာ ခိုးမှု၊ လုယက်မှု၊ မူးယစ်ရမ်းကားမှုတွေဟာ မှောင်ရိပ်ခိုပြီး လုပ်ဆောင်မှုတွေရှိလာတာကြောင့် လျော့ပါးအောင် လုပ်ဆောင်တာဖြစ်ပြီး ည ၈ နာရီကနေ မနက် ၄ နာရီအထိ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့လည်း ပါရှိပါတယ်။ 

“အင်းတော်က မြို့ထဲကို လူတွေအကုန် ဝင်မနေကြသေးဘူး။ တချို့တွေတော့ နေနေကြတယ်။ မြို့ရဲ့တစ်ပိုင်းပေါ့ ဒီအဝင်ဘက်က ဝင်နေကြတယ်။ စျေးဆိုင်တွေရော၊ ဘာတွေရောနည်းနည်းတော့ရှိလာပြီ

ဟိုဘက်မှာတော့ ဘာမှမရှိသေးဘူး” လို့ အင်းတော်မြို့ကို အမြဲခရီးသွားနေသူ တစ်ဦးကပြောပါတယ်။ 

ညမထွက်ရအမိန့် မထုတ်ပြန်ခင်က ညပိုင်းတွေမှာ ဆိုင်ကယ်၊ ကား ဖြတ်သန်းသွားလာမှုတွေ ရှိပေမယ့်လည်း ည ၇ နာရီနောက်ပိုင်းမှာ ဖြတ်သန်းသွားလာမှုမရှိသလောက်ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ 

ညမထွက်ရအမိန့်ထဲမှာ PDF တပ်တွေ တာဝန်အရသွားလာတာနဲ့ အရေးအပေါ်ကျန်းမာရေးအခြေနေအရ သွားလာခြင်းတွေတော့ ကန့်သတ်မှုမှာ မပါဝင်ကြောင်းဆိုပါတယ်။

အင်းတော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ သုံ့ပန်းတချို့ ထွက်ပြေး လွတ်မြောက်မှုတွေ ရှိခဲ့တဲ့ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။ 

အင်းတော်မြို့ကို စစ်ကော်မရှင်ကလည်း စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို အောက်တိုဘာလကုန်မှာ ကြေညာထားပါတယ်။ 

အင်းတော်မြို့ကို NUG က သိမ်းပိုက်ထားတာ ၆ လကျော်ကြာမြင့်လာခဲ့ပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေတော့ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...