ပုသိမ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းအစိုးရနှင့် ကုမ္ပဏီများ မတက်ရောက်သဖြင့် ဝေဖန်

ပုသိမ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းအစိုးရနှင့် ကုမ္ပဏီများ မတက်ရောက်သဖြင့် ဝေဖန်
by -
မဇ္ဈိမ
ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဇူလိုင်  ၂၅ နှင့် ၂၆ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် တိုင်းဒေသကြီးအစိုးရနှင့် ကုမ္ပဏီများ တက်ရောက်မှု မရှိသည့်အတွက် ဆွေးနွေးပွဲ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝေဖန်လိုက်သည်။

ယင်းကဲ့သို့ တိုင်းအစိုးရနှင့် ကုမ္မဏီများ မတက်ရောက်ခြင်းနှင့် ပတ်သက်ပြီး ပွဲစီစဉ်ကျင်းပသည့် MATA Working Group မှ  ဦးလင်းလင်းက “တိုင်းဒေသကြီးအစိုးရဆိုတာ ပြည်သူတွေ အကျိုးကို ဆောင်ရွက်ဖို့ အဓိက ဖြစ်တယ်။ ပြည်သူတွေ သဘောထားကိုနားထောင်ဖို့၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုး တက်ဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာရှိတယ်။ လွှတ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ရှိတယ်။ ဒီပွဲက ပူးပေါင်းဆောင်ရွက် ရေးကို အဓိကထား ကျင်းပတာဖြစ်တယ်”ဟု မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး “ကျန်တဲ ့ပွဲတွေမှာတော့ အကုန်တက်ရောက်ခဲ့တယ် ၀န်ကြီးချုပ် မတက်နိုင် ရင်တောင်မှ  ဘဏ္ဍာရေးရာ ၀န်ကြီး တက်ရောက်ခဲ့တယ်။ ဒီနေ ့ပွဲမှာတော့ တက်ရောက်လာတာ မတွေ ့ရဘူး”ဟုလည်း ပြောသည်။

ယင်းအပြင် ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက လည်း တိုင်းအစိုးရသက်တမ်းအတွင်း တိုင်းအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံနှင့် တာဝန်ယူမှု တာဝန်ခံမှုများသည် ပြည်သူလူထုအပေါ် အကျိုးကျေးဇူး မရှိဟုလည်း ဆိုလိုက်ပြီး လုပ်ငန်းရှင်များ တက်ရောက်မှု မရှိခြင်းကိုလည်း ဝေဖန်လိုက်သည်။

၎င်းက  “အစိုးရ သက်တမ်း ငါးနှစ်လုံးလုံးမှာ အစိုးရ လုပ်ကိုင်ဆောင်ရွက်ပုံနဲ့ တာဝန်ယူမှု တာဝန်ခံ မှုတွေဟာ ပြည်သူလူထုအပေါ် အကျိုးကျေးဇူးတွေ လုံးဝရှိဘူးဆိုတာ ပွဲက သက်သေပြသွားတယ်။ လုပ်ငန်းရှင်တွေ ပြည်သူလူထုနဲ့ ဘာလို့ တိုက်ရိုက် မထိတွေ့တာလည်း၊ ပြည်သူလူထု သဘောထား ဆန္ဒမပါဘဲ သူတို့ လုပ်ငန်းတွေ အောင်မြင်မယ်လို့ ထင်နေတာလား”ဟု ဆိုသည်။

အဆိုပါပွဲသို့ တိုင်းအစိုးရ၊ ကုမ္ပဏီများ၊ တိုင်းလွှတ်တော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့ပြီး ကုမ္ပဏီများကို ဖိတ်ကြားရာတွင် တိုင်းအတွင်း ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် ကုမ္ပဏီများကို အဓိကထား ဖိတ်ကြားထားသည်ဟုလည်း ဦးလင်းလင်းက ဆိုသည်။

ဇူလိုင် ၂၅ ရက်က ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ကုမ္ပဏီများအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ကျောက်မီးသွေးစက်ရုံများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးဝင်းမျိုးသူ၊ ဒေါက်တာခင်မောင်ညိုတို့ တက်ရောက်ဆွေးနွေးခဲ့သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...