ဝက်လက်နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်စီးနင်းပြီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသွား

ဝက်လက်နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်စီးနင်းပြီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်က ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း Wetlet Information Network အဖွဲ့ ထံမှသိရသည်။

ဒေသခံပြည်သူ ၄၀ ခန့်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အကြောင်း ဝက်လက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တခုမှ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းတာဝန်ရှိသူတဦးကလည်း အတည်ပြုပြီး၊ ၎င်းတို့အား စစ်ကော်မရှင်တပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးထားကြောင်း ဆိုသည်။

ဝက်လက်နယ်အနောက်ခြမ်းရှိ ရွာသာကြီးပျူရွာ မှ အင်အား ၅၀ ခန့် ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီ ဝန်းကျင်အချိန်တွက် မောက္ကဒီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ များကို ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း Wetlet Information Network အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ ယခုလို ပြောသည်။

၎င်းက “ ရွာသာကြီး က ည ကတည်းက ထွက်လာပြီး မောက္ကဒီးကို ဒီမနက် အစောပိုင်း ရုတ်တရက်ဝင်လာတာ ဆိုတော့ ပြည်သူတွေ တိမ်းရှောင်ချိန် မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် မောက္ကဒီး ဒေသခံများ ၏အချက်အလက် အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း Wetlet Information Network အဖွဲ့က ဆိုသည်။

စစ်ကော်မရှင်တပ်သည် မောက္ကဒီးကျေးရွာ မှ ဒေသခံပြည်သူများကို ဖမ်းဆီးပြီးနောက် မွန်းလွဲပိုင်းတွင် လှည်းဦးကြီးကုန်း ရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း Wetlet Information Network အဖွဲ့ ထံမှသိရ သည်။

ရွာသာကြီးပျူရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ကတည်းက ပိတ်ဆို့ တိုက်ခိုက်ထားခြင်း ဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက် ကလည်း လေကြောင်းမှ အင်အား ဖြည့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ကလည်း ရွာသာကြီးကျေးရွာ ကို အင်အားလာရောက်ဖြည့်တင်းသည့် Mi-17 ရဟတ်ယာဉ် ကို တော်လှန်ရေးတပ်ဖွဲ့ များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့ များထံမှသိရသည်။

“Mi-17 ရဟတ်ယာဉ် နှစ်စီး နဲ့ နှစ်ကြိမ် လူလာချတာ ဒုတိယအကြိမ် လူချ တာမှာ တစီးကို ဝိုင်းပစ်ကြတာ အဲံ့ ဒါ တစီး က လူ တောင် မချ နိုင် ဘဲ ပြန်မောင်းပြေးသွားတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ရွာသာကြီး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်ဖွဲ့ များပိတ် ဆို့ ထားသည့် ကြားကနေ စစ်ကြောင်း ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

January 16, 2026
ပါခွီး — ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု လေးဖွဲ့ ပေါင်းစည်းလိုက်ခြင်းကြောင့်...
January 15, 2026
မြင်းခြံခရိုင်၊ တပ်ရင်း (၃) ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ဒု-ပျူခေါင်းဆောင် စိန်လွင်နှင့်အတူ WY...
ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အတွက် မဲပေးမှု။ (SAI AUNG MAIN / AFP)
January 13, 2026
ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနေသည့် မြို့နယ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရကာ ဝန်ထမ်းနှစ်ဦး...