ဝက်လက်နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်စီးနင်းပြီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသွား

ဝက်လက်နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်စီးနင်းပြီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်တပ်က ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း Wetlet Information Network အဖွဲ့ ထံမှသိရသည်။

ဒေသခံပြည်သူ ၄၀ ခန့်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အကြောင်း ဝက်လက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တခုမှ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းတာဝန်ရှိသူတဦးကလည်း အတည်ပြုပြီး၊ ၎င်းတို့အား စစ်ကော်မရှင်တပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးထားကြောင်း ဆိုသည်။

ဝက်လက်နယ်အနောက်ခြမ်းရှိ ရွာသာကြီးပျူရွာ မှ အင်အား ၅၀ ခန့် ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီ ဝန်းကျင်အချိန်တွက် မောက္ကဒီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ များကို ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း Wetlet Information Network အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ ယခုလို ပြောသည်။

၎င်းက “ ရွာသာကြီး က ည ကတည်းက ထွက်လာပြီး မောက္ကဒီးကို ဒီမနက် အစောပိုင်း ရုတ်တရက်ဝင်လာတာ ဆိုတော့ ပြည်သူတွေ တိမ်းရှောင်ချိန် မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် မောက္ကဒီး ဒေသခံများ ၏အချက်အလက် အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း Wetlet Information Network အဖွဲ့က ဆိုသည်။

စစ်ကော်မရှင်တပ်သည် မောက္ကဒီးကျေးရွာ မှ ဒေသခံပြည်သူများကို ဖမ်းဆီးပြီးနောက် မွန်းလွဲပိုင်းတွင် လှည်းဦးကြီးကုန်း ရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း Wetlet Information Network အဖွဲ့ ထံမှသိရ သည်။

ရွာသာကြီးပျူရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ကတည်းက ပိတ်ဆို့ တိုက်ခိုက်ထားခြင်း ဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက် ကလည်း လေကြောင်းမှ အင်အား ဖြည့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ကလည်း ရွာသာကြီးကျေးရွာ ကို အင်အားလာရောက်ဖြည့်တင်းသည့် Mi-17 ရဟတ်ယာဉ် ကို တော်လှန်ရေးတပ်ဖွဲ့ များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့ များထံမှသိရသည်။

“Mi-17 ရဟတ်ယာဉ် နှစ်စီး နဲ့ နှစ်ကြိမ် လူလာချတာ ဒုတိယအကြိမ် လူချ တာမှာ တစီးကို ဝိုင်းပစ်ကြတာ အဲံ့ ဒါ တစီး က လူ တောင် မချ နိုင် ဘဲ ပြန်မောင်းပြေးသွားတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ရွာသာကြီး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်ဖွဲ့ များပိတ် ဆို့ ထားသည့် ကြားကနေ စစ်ကြောင်း ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...