ကလေး - ဂန့်ဂေါ လမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဟားခါးလေးရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရ

ကလေး - ဂန့်ဂေါ လမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဟားခါးလေးရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး - ဂန့်ဂေါ ကားလမ်းတလျောက် ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါးလေးရွာဘက်ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေး - ဂန့်ဂေါလမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ နတ်ချောင်း နဲ့ ချောင်းခွရွာကို ထိန်းချုပ်ပြီး အဲဒီမှာ ကျန်ခဲ့တဲ့ နောက်ချန်အင်အား စစ်ကြောင်းတစ်ခုက ဖလမ်းမြို့နယ် ဟားခါးလေးရွာဘက်ကို မနေ့မနက်က တက်ပြီး ညနေပိုင်းလောက်မှာ ရွာတွင်း အရပ်သားပြည်သူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ ၁ ရက်နေ့အထိ နက်ချောင်းရွာတွေကို မီးရှို့တုန်းဖြစ်တယ် ဟားခါးလေးဘက်တွေက စစ်ကောင်စီက နေရာယူထားတာဆိုတော့ လက်ရှိအချိန်ထိ မီးဘေးသင့်အိမ်တွေကို စာရင်းကောက်လို့ မရသေးဘူး။ ဟားခါးလေးမှာ နောက်ချန်အင်အား အနေနဲ့ နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါးလေး တောက်လျောက် ရှိနေပါသေးတယ်။ ရှေ့ပြေးအနေနဲ့ ရန်ကြီးအောင်တို့ သံဖိုဘက်တွေ ရောက်ရှိနေကြတာပေါ့” လို့ ပြောပါတယ်။

လက်ရှိစစ်ကော်မရှင်တပ်ဖွဲ့တွေ တပ်စွဲနေတဲ့ ဟားခါးလေးရွာကနေ အနောက်ဖက်ကို ဆက်တက်ရင် ဝေဘူလတောင်ကနေတဆင့် ဖလမ်းမြို့ဘက်ကို ဝင်ရောက်နိုင်တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဟားခါးလေးရွာမှာ နေရာယူထားကြတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းတလျောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို စစ်ကော်မရှင်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ကျေးရွာပေါင်း ၃၆ ရွာခန့်က အရပ်သားပြည်သူ ၃ သောင်းကျော်ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...