ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် လူဦးရေ (၅၀၀) ကျော်ထံ စားနပ်ရိက္ခာအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံးမှ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း တမူးမြို့နယ် ကူကီး ဒေသက ကျေးရွာ (၈)ရွာတွင် နေထိုင် ကြသော ပြည်သူများအား အခြေခံစား နပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ အားလူးများအား ထောက်ပံ့ ပေးသည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားရာတွင် လိုအပ်သည့် အသုံးအဆောင်(Kits) ပစ္စည်း များအား အဓိကထား ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိကတော့ စစ်ရှောင်တဲ့ကာလကြာလာပြီဆိုတော့ စားဝတ်နေရေးခက်ခဲမူ၊ ကျန်းမာရေး စောင့်ရှောက်ခံယူခွင့် ခက်ခဲမူ၊ စစ်ရှောင်နေရတဲ့ ကျေးရွာတွေရဲ့ နေရပ်အတင်းအကျပ် ပြန်စေမူတို့ ကြုံတွေ့နေရတယ်၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက (၃၀၀) ဝန်းကျင်ဆိုတော့ အဓိက လိုအပ် ချက်ကတော့ ကာကွယ်ဆေး အကြိမ်ပြည့်ရေး ထိုးနှံနိုင်ရန်အတွက် လိုအပ်ချက်အဓိကဖြစ်တယ်” ဟု ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံးမှာ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဘေးတိမ်းရှောင်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တမူးခရိုင်၊ မြို့သစ်မြို့နယ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန်တွင် စစ်ဘေးတိမ်းရှောင်ခဲ့သူများဖြစ် ပြီး စစ်ရှောင်ကာလ ကြာမြင့် လာသောကြောင့် စားနပ်ရိက္ခာများ လိုအပ်မှုကြုံတွေ့နေကြရသည်ဟု ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးမှ တာဝန်ရှိသူက ပြောသည်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ် ၂,၀၀၀ ခုနှစ်မှ စတင်ဖွဲ့စည်း ချိန်မှစပြီး ယနေ့ထိတိုင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကူကီးဒေသများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းဖြစ်သည့် အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကူကီးဒေသအတွင်း စစ်ဘေး ဒဏ်သင့်ပြည်သူများအား တက်နိုင် သည့်ဘက်မှ ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

Photo credit - CJ

Most read this week

ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...
February 3, 2026
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး...
February 2, 2026
ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊...