တောင်သာတွင် စစ်သား ၂ ဦးကို ပစ်ခတ်မှု ၂ ဦး စလုံး သေဆုံးပြီး သေနတ် ၁ လက် ရရှိ

တောင်သာတွင် စစ်သား ၂ ဦးကို ပစ်ခတ်မှု ၂ ဦး စလုံး သေဆုံးပြီး သေနတ် ၁ လက် ရရှိ

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်အတွင်းရှိ ကင်းစခန်း တခုမှ ထွက်လာသည့် စစ်ကော်မရှင် တပ်သား နှစ်ဦးကို ပစ်ခတ်ခဲ့ရာ နှစ်ဦး စလုံး သေဆုံးသွားကြောင်း PLA တပ်ဖွဲ့ ၏ အမှတ် (၈၁၅)တပ်ဖွဲ့၊ အနောက်မြောက် စစ်ဒေသက ယမန်နေ့( အောက်တိုဘာလ ၂၇ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေပိုင်းတွင် အထိုင်စခန်းမှ ထွက်လာသည့် တပ်သား နှစ်ဦးကို ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၈၁၅)တပ်ဖွဲ့၊ အနောက်မြောက် စစ်ဒေသမှ တာဝန်ရှိသူတဦးက ပြောသည်။

၄င်းက “အထိုင်စခန်းကနေ ရန်သူ နှစ်ယောက် ထွက်လာတာကို ကင်းပုန်းဝပ်ပြီး ပစ်ခတ်ခဲ့တာပါ။ နှစ်ယောက်လုံး သေပါတယ် ပြန်လည်ပစ်ခတ်ချိန် မရပါဘူး” ဟု ပြောသည်။

ယင်းတိုက်ခိုက်အပြီးတွင် ၎င်းတို G3 သေနတ် တလက်နှင့် ကျည်ဆန်တချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်းကိုလည်း အမှတ် (၈၁၅)တပ်ဖွဲ့၊ အနောက်မြောက် စစ်ဒေသက အသိပေးထားသည်။

ယခုတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ၏ မြင်းခြံခရိုင်တပ်ခွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ PLA တပ်ဖွဲ့ အနေဖြင့် မြင်းခြံ ခရိုင်အတွင်း စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး အခြားဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တပ်ရဲ့ တပ်ပေါင်းစု ပေါ်လစီအတိုင်း လက်တွဲ လုပ်ဆောင်နေကြောင်း အမှတ် (၈၁၅)တပ်ဖွဲ့ ၊ အနောက်မြောက် စစ်ဒေသ၏ တာဝန်ရှိသူက ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်တခုဖြစ်သည့် နွားထိုးကြီးမြို့နယ်အတွင်းမှာ လည်း စစ်ကော်မရှင်တပ်ဖွဲ့က အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြုလုပ်နေ၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြင်းခြံမြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့ အသုံးပြုသည့် ဒရုန်း တစီးကို သိမ်းဆည်း ရရှိခဲ့ကြောင်း နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...
June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...