တောင်ကုတ်ရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို အကြမ်းဖက်လေတပ် ဗုံးကြဲတိုက်ခိုက်

တောင်ကုတ်ရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကို အကြမ်းဖက်လေတပ် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီးရှိ အဆိုပါကျောင်းကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့၊ ညနေပိုင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ကျောင်းအဆောက်အအုံတချို့ ထိခိုက်သွားသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တောင်ကုတ်ရ ိုးလမ်းဖက်မှာ AA က အသာစီးရတာများတော့ တိုက်ပွဲဧရိယာဝန်းကျင်ကိုလည်း ဗုံးကြဲတယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ AA သိမ်းထားတဲ့မြို့ကိုလည်း အငြိုးနဲ့ကြဲတယ်။ မနေ့ကဆိုရင် သူတို့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လာကြဲတာ။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းက သူတို့ပစ်မှတ်လေ။ ကျောက်တော်လိုမျိုး ပညာသင်ကလေးတွေရှိရင် မလွယ်ဘူး။ အခု ဘယ်သူမှ မရှိလို့ ကံကောင်းတယ်လို့ ဆိုရမယ်” ဟု ပြောသည်။

အကြမ်းဖက်လေတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်၊ ညဉ့်အချိန်ကလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်ဘော်ဒါကျောင်းနှစ်ကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်နေသည့် ကျောင်းသူ၊ ကျောင်းသား ၂ဝ ဦးသေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရရှိသွားခဲ့သည်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် မည်သည့်တိုက်ပွဲမှမရှိတော့ဟု သိရသည်။

သို့သော် အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများနေထိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် AA သိမ်းပိုက်ထားသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးရှိ(၆၆၆) ပွိုင့်ကုန်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ အောင်မြင်မှုမရသည့်အပြင် လူနှင့် ရိက္ခာထောက်ပို့လုပ်နေသည့် စစ်တပ်ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ရကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲများတွင်အထိနာလျှင် AA ကိုအငြိုးထားတိုက်ခိုက်ပြီး အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်လာသည်။

အမ်း-ပဒါန်းလမ်း ရိုးပေါ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်တပ်မှ အထိနာ အကျဆုံးများသည့်အတွက် အောက်တိုဘာ၂၆ ရက် နေ့လယ်က အမ်းမြို့သစ်ရပ်ကွက်အား AA ရှိသည့်အထင်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ရာ အသက် (၉)နှစ်အရွယ် Grade-3 ချင်းလူမျိုးကျောင်းသားငယ်တစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...