စစ်ကော်မရှင်တပ် အင်အားအမြောက်အများ ကလေး-ဂန့်ဂေါလမ်းမှာ စစ်ကြောင်းထိုးလာလို့ ပြည်သူထောင်ချီထွက်ပြေးနေ

စစ်ကော်မရှင်တပ် အင်အားအမြောက်အများ ကလေး-ဂန့်ဂေါလမ်းမှာ စစ်ကြောင်းထိုးလာလို့ ပြည်သူထောင်ချီထွက်ပြေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းတလျောက်ကို စစ်ကော်မရှင်တပ်က အင်အားအမြောက်အများနဲ့ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်လာနေလို့ အရပ်သားပြည်သူလူထောင်ချီထွက်ပြေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

“ဒီကနေ့ မနက်ကစပြီး ကလေးမြောက်ပိုင်းက အင်အားအများကြီးကို ကားအစီး ၁၅ စီးကနေ အစီး ၂၀ လောက်ရှိတယ် အဲမှာ လက်နက်ခဲယမ်းတွေပါတယ် အမြောက်ကြီး ကိုလည်း ဆွဲသွားတယ် အင်အားလည်း အများကြီးဘဲ တချို့က ဒကစဝင်တယ် တချို့က ကလေး နည်းပညာတက္ကသိုလ်ကို သွားတယ် အခုတော့ သာယာကုန်းရွာရောက်ပြီလို့ ပြောကြတယ် မြောက်ပိုင်းလိုဘဲ တလျောက်ထိုးနေကြတယ် ကလေးကနေ ဂန့်ဂေါလမ်းပေါက်အောင် ထိုးမယ့်ပုံစံပေါက်တယ်” လို့ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကလေးနည်းပညာတက္ကသိုလ် GTC က ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်း (၃) ကြောင်းအနက် စစ်ကြောင်း ၁ ကြောင်းဟာ ကျွန်းချောင်းရွာကို ဝင်ရောက်ပြီး ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကစလို့ ကျေးရွာတွင်း အရပ်သားပြည်သူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ကြောင့် အရပ်သားပြည်သူ အမြောက်အများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေးမြို့နယ်မြောက်ပိုင်းက ကလေး - တမူးလမ်းနဲ့ ကလေးတောင်ပိုင်းက ကလေး - ဂန့်ဂေါလမ်းတလျှောက်ကတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။

Photo credit - CJ

June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...