ကချင်ပြည်နယ်မှာ ကြံ့ဖွံ့က ရွေးကောက်ပွဲ မပြိုင်ဘဲနဲ့ နိုင်တဲ့သူ ၄ ယောက်ရှိ

ကချင်ပြည်နယ်မှာ ကြံ့ဖွံ့က ရွေးကောက်ပွဲ မပြိုင်ဘဲနဲ့ နိုင်တဲ့သူ ၄ ယောက်ရှိ

လာမယ့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၄ ခုမှာ ပြိုင်ဘက်မရှိတာကြောင့် အခုကတည်းက အနိုင်ရသွားခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၄ ခုမှာ USDP က ပြိုင်ဘက်တစ်ယောက်မှမရှိတာကို တွေ့ရတာဖြစ်ပါတယ်။

မပြိုင်ဘဲနဲ့ နိုင်နေတဲ့သူတွေကတော့ ပြည်သူ့လွှတ်တော်နေရာတွေအတွက် နောင်မွန်းမှာ ဦးရယ်ဒမ်းတန်၊ မံစီမှာ ဦးကွမ်ဆန်းနဲ့ ရွှေကူမှာ ဦးကျော်ဝင်းတို့ဖြစ်ပြီး ပြည်နယ်လွှတ်တော် နေရာအတွက် ရွှေကူမှာ ဦးအောင်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဥပဒေတွေအရတော့ မဲဆန္ဒနယ် တစ်နယ်မှာ ဝင်ရွေးကောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်ပဲရှိရင် အဲဒီနယ်မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ဝင်ပြိုင်တဲ့ တစ်ယောက်ထဲသော ကိုယ်စားလှယ်လောင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရမယ်လို့ ပြဌာန်းထားတာပါ။

ကချင်ပြည်နယ်ထဲ အဲဒီလို မပြိုင်ဘဲနဲ့ နိုင်နေတဲ့ မဲဆန္ဒနယ်တွေထဲက ရွှေကူနဲ့အနီးတဝိုက်မှာတော့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်အုပ်စုက ကျောထောက်နောက်ခံပေးထားတဲ့ USDP ရဲ့ ကိုယ်စားလှယ်လောင်းတွေ မပြိုင်ဘဲနဲ့ နိုင်တဲ့နေရာတွေကတော့ ကချင်ပြည်နယ်တစ်ခုထဲမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၂၈ ယောက် ရှိနေတာပါ။

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...
July 15, 2026
ကချင်ပြည်၊ ချီဖွေမြို့ရှိ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ...