စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း လမ်းလွှဲများ ခေတ္တ ပိတ်ထားမယ်လို့ထုတ်ပြန်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း လမ်းလွှဲများ ခေတ္တ ပိတ်ထားမယ်လို့ထုတ်ပြန်

စစ်ကောင်စီစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် အင်အားဖြည့် စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း လမ်းကြီးပေါ်ရှိ စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ထားသည့် လမ်းပိုင်းများ လွှဲနိုင်ရန် ဖောက်ထားသည့် ဆိုင်ကယ်လမ်း(တောလမ်း)များကို ဒီကနေ့ အောက်တိုဘာလ ၂၇ နေ့က စပြီး ခေတ္တ ပိတ်ထားမယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin က သတင်းထုတ်ပြန်လိုက် ပါတယ်။

“အခု ခေတ္တ ပိတ်လိုက်ရတဲ့ ဆိုင်ကယ်လမ်းတွေက ထုတ်ပြန်ချက်ထဲမှ ပြောထားသလိုပဲ အများပြည်သူရဲ့ အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေဖို့ ဆိုပြီး ဖောက်ထားတဲ့ တောလမ်းတွေ ဖြစ်ပါတယ်။ စစ်ကြောင်းနဲ့ တိုးမိရင် ပြည်သူတွေအတွက် အန္တရာယ်အရမ်းများလို့ပါ” လို့ CDF-CDM-Siyin တာဝန်ရှိသူတစ်ဦးက Chin World Media ကို ဖြေကြားပါတယ်။

ယခု ပိတ်ဆို့လိုက်ရတဲ့ လမ်းတွေဟာ ကလေး-သိုင်းငင်း လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် ပိတ်ဆို့ထားသော လမ်းပိုင်းကို လွှဲထားတဲ့ လမ်းများသာ ဖြစ်ပြီး သိုင်းငင်းရွာကို ဖြတ်သန်းခြင်းမရှိတဲ့ တခြား လမ်းလွှဲများ အကြုံးမဝင်ဘူးလို့လည်း အဆိုပါ တာဝန် ရှိသူထံမှ သိရှိရပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကောင်စီစစ်သားများ ခိုင်ကမ်းမြို့ကနေ ချင်းတောင်သို့ စစ်ကြောင်းထိုးခဲ့ပြီး ကလေး-သိုင်းငင်းလမ်းကို ယနေ့အထိ ပိတ်ပစ်ခဲ့တာကြောင့် ခရီးသွားပြည်သူများဟာ ရွာချင်းဆက်လမ်းများနှင့် တောလမ်းများကို အသုံးပြု ခရီးသွားနေခဲ့ရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...