ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုလိုအပ်ကြောင်း အာဆီယံ ထုတ်ပြန်

ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုလိုအပ်ကြောင်း အာဆီယံ ထုတ်ပြန်

စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် အပစ်ခတ်ရပ်စဲရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ရမည်ဟု အာဆီယံက ထုတ်ပြန်သည်။

မလေးရှားနိုင်ငံ၌ ကျင်းပနေသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ကို အောက်တိုဘာ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်များတွင် စုစုပေါင်း အချက် ၂၈ ချက်ပါဝင်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများကို လေ့လာစောင့်ကြည့်ရန် ဖိတ်ကြားချက်ကို မှတ်သားထားကြောင်းနှင့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး ပွင့်လင်းမြင်သာ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန်နှင့် တည်ငြိမ်မှုရှိပြီး အားလုံးပါဝင်နိုင်ရန် အရေးပါကြောင်း အာဆီယံက ဆိုသည်။

ထို့ပြင် မြန်မာစစ်တပ်သည် အာဆီယံ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မရှိသည့်အပေါ် အထူးစိုးရိမ်ပူပန်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်မှုတွင် သိသာသည့် တိုးတက်မှု မရှိမချင်း အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဟု အာဆီယံက ဆုံးဖြတ်သည်။

ထို့ပြင် အက္ခရာစဉ်အရ မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူရမည်ဖြစ်သော်လည်း မြန်မာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ဆုံးဖြတ်ခဲ့သည်။

Most read this week

ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...