မောင်းမကန်ကမ်းခြေအနီး ရွာများကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်များ ပြန်မလွတ်သေး

မောင်းမကန်ကမ်းခြေအနီး ရွာများကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်များ ပြန်မလွတ်သေး
Photo credit - AFP
Photo credit - AFP

မြေပြင်အတိုင်း စစ်ကြောင်းထိုးနေပြီး လက်ရှိအထိ ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

စစ်ကော်မရှင်တပ်က မောင်းမကန်ကမ်းခြေနှင့် လမ်းကြောင်းတခုတည်းပေါ်ရှိသည့် ပင်လယ် ကမ်းစပ်အနီးမှ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကမ်းပနီ၊ ကရင်ကြီး စသည့် ကျေးရွာများဘက်သို့ အောက်တိုဘာလ တတိယအပတ်အတွင်းကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် စစ်ကြောင်းမှာ မောင်းမကန်ကမ်းခြေနှင့် ခုနစ်မိုင်ခန့်သာ ကွာဝေးသည့် ကမ်းပနီရွာ၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ တင်းမာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

“အခု ကမ်းပနီဘက်ကို ရောက်နေကြပြီ၊ ညတည်းက ရောက်တာ။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ ဖမ်းခံထားရတာကတော့ ၅၀ လောက်ရှိတယ်၊ မိန်းမယောကျ်ားအစုံပဲ ဖမ်းထားတာ။ အခုထိ ပြန်မလွတ်သေးဘူး။ ရွာသားတွေက တော့ ၁၉ ရက်နေ့တည်းက ပြေးကြတာ” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် စစ်ကော်မရှင် စစ်ကြောင်းက ကျေးရွာများတလျှောက် စစ်ကြောင်းထိုးဝင်ရောက်စဉ်နှင့် တိုက်ပွဲများ ဖြစ်ပွားပြီးစဉ် ဖမ်းဆီးထားသည့် ဒေသခံပြည်သူများမှာလည်း လက်ရှိအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်စစ်ဘေးရှောင်များမှာ အမျိုးသား၊ အမျိုးသမီး ဆယ်နှင့်ချီသည်ဟု ကြားသိရသော်လည်း အရေအတွက် အသေးစိတ်အား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေပါတယ်။ မနေ့ကရော ဒီနေရော။ အဲတိုက်ပွဲတွေမှာ ရန်သူ ကျဆုံး ထိခိုက်များတယ်လို့ သိရပေမယ့် တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးပါဘူးခင်ဗျား။ မအလတပ်ကတော့ စစ်ရှောင်တွေဖမ်းသွားတယ်လို့လည်း ကြားရပါတယ်ခင်ဗျား” ဟု ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) မှ တာဝန်ရှိသူတဦးက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တာဝန်ရှိသူတဦး၏ ပြောကြားချက်အရ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်းမှာ ကံပေါက်အခြေစိုက် မောရဝတီရေတပ် စခန်းဌာနချုပ်မှတဆင့် စစ်သင်္ဘောဖြင့် ရောက်လာခြင်းဖြစ်ပြီး ထို့နောက် ကျေးရွာများအတွင်းသို့ မြေပြင် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...
June 30, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီး နှစ်နှစ်ကျော်ကြာ ပြတ်တောက်နေသော်လည်း...
June 29, 2026
စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်အုပ်စုတပ်က ဇွန်လ ၂၇ ရက်...
Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...