ရှမ်းတောင်က စစ်ဘေးရှောင်တချို့ အရေပြား ယားနာမှုတွေ ဖြစ်ပွားနေ

ရှမ်းတောင်က စစ်ဘေးရှောင်တချို့ အရေပြား ယားနာမှုတွေ ဖြစ်ပွားနေ
Photo credit - CJ
Photo credit - CJ

ရှမ်းပြည်တောင်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေထဲက တချို့မှာ အရေပြားယားနာမှုတွေ ဖြစ်ပွားနေကြတယ်လို့ မြေပြင်ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့တဲ့ မိုးဗြဲ ကယ်ဆယ်ရေးအသင်း(Mobye Resume Team) ထံကနေ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေထဲက ပြည်သူ ၂၅၀ ဦးဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အရေပြားယားနာမှုဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အရေပြား ယားနာဖြစ်နေတဲ့ စစ်ရှောင်တချို့ကိုတော့ တစ်ပတ်စာ ဆေးပေးခဲ့တယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ယားနာတွေတော့ဖြစ်ကြတယ်။ တချို့ဆိုရင် တစ်ကိုယ်လုံးဖြစ်ကြတယ်။ ဖြစ်နေပေမဲ့ ဆေးတွေတော့ တစ်ပတ်စာ ပေးခဲ့တာမို့ အနည်းငယ်တော့ သက်သာမယ်ထင်ပါတယ်။”လို့ မိုးဗြဲကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။

အဆိုပါ အရေပြားယားနာ ဖြစ်ကြတဲ့ စစ်ရှောင်တွေဟာ စစ်ကော်မရှင် နဲ့ PNO ပြည်သူ့စစ် ထိုးစစ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဘောရန်၊ တောင်စလုံး၊ မြောက်စလုံး ကျေးရွာ ကပြည်သူတွေ ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် အသက် ၅ နှစ်က ၁၀ ကြား ကလေးနဲ့ ၂၈ နှစ်ကနေ ၃၅ နှစ်ကြားလူကြီးတွေ ယားနာအဖြစ်များပြီး လူဦးရေ ၄၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်လူဦးရေ များလာတာကြောင့် အရေပြားယားနာ ကူးစက်မှုရှိမှာကိုလည်း စိုးရိမ်ရတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။

အဆိုပါ ဘောရန် ကျေးရွာနဲ့ အနီးအနားက ပြည်သူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ကစပြီး ပအိုဝ့်ပြည်သူ့စစ် (PNO) နဲ့ စစ်ကော်မရှင် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...
June 12, 2026
ကရင်နီပြည်တွင်းမှာ စိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ ၊ စစ်ရှောင်တောင်သူတွေကို...