ဗန်းမောက်မြို့နယ်က စစ်ဘေးရှောင်တစ်ထောင်ကျော် အကူအညီလိုအပ်နေ

ဗန်းမောက်မြို့နယ်က စစ်ဘေးရှောင်တစ်ထောင်ကျော် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ မြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ 

“နိုင်ငံတော်ကရော၊ တိုင်းကရော အခုထိ ဘယ်သူမှဘာမှ လာမပေးဘူးဖြစ်နေတာ ဆေးဝါးတွေ လိုနေတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးကပြောပါတယ်။ 

စက်တင်ဘာလဝက်ကတည်းက တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လပြည့်လာတဲ့အခါမှာ ဆေးဝါးနဲ့ စားသောက် နေထိုင်ရေး အကူအညီတွေ လိုအပ်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဘေးစတင်ရှောင်စဉ်က SNA၊ ရှမ်းနီသံဃာတော်များနဲ့ စစ်ဘေးရှောင်လက်ခံထားတဲ့ ကျေးရွာများက စားနပ်ရိက္ခာနှင့် ဆေးဝါးကုသများပြုလုပ်ပေးခဲ့ပါတယ်။

သို့ပေမယ့်လည်း စစ်ဘေးရှောင်ဦးရေတိုးများလာတဲ့အတွက်ကြောင့် အကူအညီတွေဟာ မလောက်ငှမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

ရှမ်းနီအမျိုးသားညီညွှတ်ရေးအစည်းအရုံး(SNUA) က ဗန်းမောက်မြို့နယ်အတွင်းမှာ လက်ရှိ ဖြစ်ပွားနေဆဲ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၅၀၀ ကျော်ရှိနေပြီး သူတို့တွေအတွက် အကူအညီတွေလိုအပ်တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

စားဝတ်နေရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက် စစ်ဘေးရှောင်တချို့က ဆွေမျိုးတွေအိမ်မှာနေထိုင်ပြီး ရရာလုပ်ငန်းတွေနဲ့ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ 

တချို့စစ်ဘေးရှောင်တွေကလည်း စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေဆီ ရွေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေတာလို့ စုံစမ်းသိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စုနှင့် ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...