ဗန်းမောက်မြို့နယ်အနောက်ဘက်ခြမ်းက ကြောင်လည်ထုံးတောင်စခန်းကို SNA ပြန်သိမ်းပိုက်

ဗန်းမောက်မြို့နယ်အနောက်ဘက်ခြမ်းက ကြောင်လည်ထုံးတောင်စခန်းကို SNA ပြန်သိမ်းပိုက်

ဗန်းမောက်မြို့နယ်ရဲ့ အနောက်ခြမ်းရှိ ကြောင်လည်ကျေးရွာအနီးက ထုံးတောင်စခန်းကို ရှမ်းနီအမျိုးသားများ တပ်မတော် SNA က လက်လွှတ်လိုက်ရပြီး ရက်အနည်းငယ်အကြာမှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ကြောင်လည်ရွာအနီးက စခန်းကုန်းကို SNA ၆၁၄ ကပဲ မနေ့ (အောက်တိုဘာ ၁၄) က ညနေ ၆ နာရီလောက် ပြန်သိမ်းပိုက်လိုက်ပြီ” လို့ ပင်ဟင်းခါးကျေးရွာခံတစ်ဦး ပြောပါတယ်။

SNA 614 ရဲ့ ထုတ်ပြန်မှုအရ KIA+PDF တွေ သိမ်းပိုက်ထားတဲ့ စခန်းကုန်း ပြန်လည်သိမ်းပိုက်မှုကနေ သေနတ် ၃ လက်နဲ့ စစ်ဝတ်ပစ္စည်း၊ ဆေးဝါးတချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကံကုန်းကျေးရွာအနီးက ကတူးအာမီရဲ့ တပ်စခန်းကုန်းတွေကို သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားပါသေးတယ်။ 

ဒါ့ပြင် ဗန်းမောက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ နေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်ရေးအတွက် တန်ပြန်ထိုးစစ်တွေ ဆက်လုပ်နေပြီး လက်ရှိမှာ ဗန်းမောက်မြို့အနီးက နတလကျောင်းနဲ့ စက်တောကျေးရွာအနီးထိ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာလို့ သိရပါတယ်။ 

“ငါကြားတာကတော့ နတလနား ရောက်နေပြီ။ တစ်ဖက်ကလည်း စက်တော နားယကာအထိ ရောက်နေပြီဆိုတော့ ဗန်းမောက်မြို့နဲ့ ကပ်ခါလေး” လို့ ဗန်းမောက်စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

ဗန်းမောက်မြို့ကနေ စစ်ဘေးတိမ်းရှောင်သွားသူတွေက စစ်ပွဲအခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး နေရပ်ကို ပြန်လိုကြတယ်လို့ ဆိုကြပါတယ်။ 

မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ ဗန်းမောက်မြို့နယ်ရဲ့ အနောက်ဘက်တွေနဲ့ မြောက်ဘက်ဒေသဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...