တိုက်ပွဲနီးလာတာကြောင့် မိုးကုတ်မြို့မှာ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ရှားပါးလာ

တိုက်ပွဲနီးလာတာကြောင့် မိုးကုတ်မြို့မှာ စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ရှားပါးလာ
Photo credit - CJ
Photo credit - CJ

မိုးကုတ်-မန္တလေး လမ်းပိုင်းရှိ ဖော့တောလမ်းဆုံအနီးမှာ မန္တလေး PDF နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး လမ်းပိုင်းပိတ်ထားရတာကြောင့် ကုန်စည် စီးဆင်းမှုတွေမရှိတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

“စက်သုံးဆီကတော့ ပြတ်သွားပြီ။ မရောင်းပေးကြတော့ဘူး။ လုံးဝမရှိတာတော့ မဟုတ်ဘူး။ စီးပွားရေးသမားတွေက လမ်းပိတ်တယ်ဆိုတော့ သူတို့လည်း လိုက်ပိတ်လိုက်တာ။ တိုက်ပွဲကလည်း နီးလာနေပြီ မကြာတော့ဘူးထင်တယ်။ မိုးကုတ်ကိုကတော့” လို့ မိုးကုတ်မြို့ပေါ်က ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့ကို ဝင်ရောက်မယ့် လမ်းပိုင်းတွေဖြစ်တဲ့ မန္တလေး-မိုးကုတ်လမ်းပိုင်း ၊ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းပိုင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ တအာင်း(ပလောင်)တပ် TNLA၊ PDF တို့ရဲ့ တိုက်ပွဲကြောင့် လမ်းပိုင်းတွေ ပိတ်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ မိုးကုတ်မြို့ထဲကို ကုန်စည်များဝင်ရောက်နိုင်မှု အနည်းငယ်သာရှိတော့ပြီး ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနေတယ်လို့ ဆိုကြပါတယ်။ 

PDF နဲ့ စစ်တပ်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မိုးကုတ်မြို့နဲ့ မိုင် ၄၀ ဝန်းကျင်မှာသာ ရှိနေသေးပေမယ့် လမ်းပန်းဆက်သွယ်ရေး အားလုံးနီးပါးက ပြတ်တောက်နေပြီလည်း ဖြစ်ပါတယ်။ 

ဒေသခံ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတချို့တွေက လေကြောင်းကနေ ဗုံးဆက်တိုက်ကျဲချမှုတွေ ပြုလုပ်တဲ့ စက်တင်ဘာလကစလို့ စစ်ဘေးတိမ်းရှောင်ထားကြတာလည်း ဖြစ်ပါတယ်။ 

“အခုကတော့ ထွက်လမ်းကတော့ တစ်ပေါက်ပဲ ကျန်တော့တယ်။ ဆီကလည်းရှားလာတော့ ကြိုတင် စုထားရတာ။ ဖော့တောပြီးရင် ဘာမှမရှိတော့ဘူးဆိုတော့ တဖြည်းဖြည်း နီးလာနေတာ။ စောင့်ကြည့်နေရတာ အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာပဲ” လို့ စစ်ဘေးတိမ်းရှောင်ဖို့ပြင်ဆင်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်တပ်က TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်ဆင်နေပြီး လက်ရှိမှာ သီပေါမြို့အနီးသို့ စစ်တပ်ရဲ့ စစ်ကြောင်းတွေ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...