မင်းတပ်မှာ ပြည်သူ့အခြေပြုကျောင်းတွေကို လေကြောင်းမှ ဦးတည်တိုက်ခိုက်၍ ကျောင်းအားလုံး ခေတ္တပိတ်

မင်းတပ်မှာ ပြည်သူ့အခြေပြုကျောင်းတွေကို လေကြောင်းမှ ဦးတည်တိုက်ခိုက်၍ ကျောင်းအားလုံး ခေတ္တပိတ်

ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်တွင် စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းမှ ဦးတည်တိုက်ခိုက်နေ၍ ပြည်သူ့အခြေပြုကျောင်းအားလုံးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ခေတ္တပိတ်ကြောင်း မင်းတပ်ပအဖအဖွဲ့က ကြေညာသည်။

ကြားကာလပြည်သူ့ အခြေပြုကျောင်းများ ပိတ်ရန်ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘလ ၉ ရက်နေ့ ရက်စွဲဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ကလေးသူငယ်များကို ဦးတည်ကာ စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များကို တိုက်ခိုက်မှုကြောင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ အားလုံးကို ခေတ္တပိတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိကာ တချို့မှာ ဒဏ်ရာ ပြင်းထန်းသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF - မင်းတပ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မင်းတပ်မြို့နယ်ကို CDF - မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီး အုပ်ချုပ်ရေး နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေချိန်တွင် စစ်ကော်မရှင်တပ်သည် မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...