ဖားကန့်မှာ KIA ရဲ့ စစ်သားသစ်စုဆောင်းရေးကြောင့် ဒေသခံတွေ စိုးရိမ်

ဖားကန့်မှာ KIA ရဲ့ စစ်သားသစ်စုဆောင်းရေးကြောင့် ဒေသခံတွေ စိုးရိမ်

ဖားကန့်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်သားစုဆောင်ရေးတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဖားကန့်ဒေသအတွင်းက KIA စိုးမိုးထိန်းချုပ်ရာ ကျေးရွာ၊ရပ်ကွက်တွေမှာ ဒေသခံပြည်သူတွေကို စုဆောင်းရေးခေါ်တာတွေ ပြုလုပ်နေကြတာလို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကလေးတွေကိုလေ ထွက်ပြေးလို့တဲ့ ရိုက်တာ။ ရိုက်တော့ ကလေးက မေ့လဲသွားတာ။ မေ့လဲသွားတာကို (Land Cruiser) ကားအနက်ပေါ် ခေါ်တင်သွားလိုက်ကြတယ်။ ကလေးတွေက ကားတွေ့တာနဲ့ ထွက်ပြေးတာကို လိုက်ဖမ်းပြီးရိုက်တာ။ " လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

KIA ကနေ သူတို့ ထိန်းချုပ်ထားတဲ့ ကျေးရွာ၊ ရပ်ကွက်တွေနဲ့ မှော်တွေမှာ ဝင်ပြီး အိမ်စီးကားတွေနဲ့ စုဆောင်းရေးတွေ လိုက်လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသက KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ KIA က စစ်သားစုဆောင်းရေး ပြုလုပ်တဲ့အပေါ် KIA/KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းတဲ့အချိန်မှာ ကချင်ပြည်နယ်အတွင်းမှာ စစ်သားစုဆောင်းတာမျိုးတော့ရှိပြီး ဒါကိုသတင်းလို့ မသတ်မှတ်/မယူဆကြောင်း ပြန်လည်ဖြေကြားပါတယ်။

မနေ့က အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဆိုင်းတောင်နတ်ကြီးစင်မြောက်ဘက်နဲ့ မှော်ရှန်စိန်ချို ကွမ်းယာဆိုင်တစ်လျှောက်မှာ KIA တပ်က စစ်သားစုဆောင်းရေး ဆွဲခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာနဲ့ မှော်ရှန်ကျေးရွာတွေမှာ KIA တပ် ကားတွေနဲ့ စုဆောင်းရေးလိုက်ဖမ်းနေတာ သုံးလေးရက်ခန့်ရှိပြီလို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDFပူးပေါင်းတပ်တွေ စစ်သားစုဆောင်းရေးတွေ ပြုလုပ်နေတာကြောင့် ကြားနေ ဒေသခံပြည်သူတွေ အခက်အခဲကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ဆိုင်းတောင်( ဆိပ်မူ)ကျေးရွာအုပ်စုနမ့်မှော်ရွာနားမှာ KIA က စစ်သားစုဆောင်ရေး ပြုလုပ်တဲ့အချိန် ထွက်ပြေးတဲ့သူတွေထဲက အမျိုးသားတစ်ဦး မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

ထလာထုကျေးရွာတွင် ရေဘေးဖြစ်ပွားခဲ့စဉ်။
May 2, 2026
ရေဘေးသင့်မှုကြောင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ဘက် ပြောင်းရွှေ့လာကြတဲ့ ပန်နန်းဒင်မြို့နယ်၊...
May 1, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့...
April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...