ဗန်းမောက်လမ်းပိုင်း ပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်

ဗန်းမောက်လမ်းပိုင်း ပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းများအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး လဝက်အကြာမှာ ဟုမ္မလင်းမြို့မှာ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

စက်တင်ဘာ ၁၆ ရက်နေ့မှာ ဗန်းမောက်မြို့လမ်းပိုင်းအားလုံးကို NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေက ပိတ်ပင်လိုက်ပြီးတဲ့နောက် ဗန်းမောက်မြို့နယ်သို့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

“မနေ့က ဈေးထဲ ဝင်ခဲ့တာ မေးခဲ့တာ လမ်းကြုံရင်း၊ တစ်ပိဿာ ၆၀၀၀၀ တဲ့ ခရမ်းချဉ်သီး၊ တခြားကုန်တွေလည်း အဆမတန်ပဲ စျေးတွေ မြင့်နေတာ၊ ဒီဘက်ကို အဝင်မရှိတော့ဘူးလေ။ ဗန်းမောက်မှာ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ထား” လို့ နမ့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်ဟာ ဟုမ္မလင်းမြို့နယ်အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန် ရရှိရေးအတွက် အရေးပါတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ဗန်းမောက်မြို့အနောက်ခြမ်းဒေသရှိ  ရွှေတော်ဆိပ်ကမ်းကနေ ဟုမ္မလင်းမြို့နယ်ထဲက ဘိုကုန်းကျေးရွာကို စက်လှေတွေနဲ့ ကုန်စည်၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေကို တင်ပို့နေတာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ဗန်းမောက်မြို့အတွက် လမ်းပိုင်းတွေ ပိတ်ထားသလို တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာလည်း ဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့အတွက် လိုအပ်တဲ့ ကုန်စည်တွေကို ဗန်းမောက်-ဟုမ္မလင်းလမ်းပိုင်းနဲ့ မန္တလေး-ဟုမ္မလင်း လေကြောင်းလိုင်းတွေကို အဓိက အသုံးပြုနေရပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို လေကြောင်းလိုင်းကနေတဆင့် သယ်ယူမှုတွေရှိနေပေမယ့်လည်း သယ်ယူစရိတ်က ပုံမှန်ထက် ၁၀ ဆနီးပါး မြင့်တက်နေတာကြောင့် ကုန်စည်အားလုံး မသယ်ယူနိုင်တဲ့အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။ 

စက်တင်ဘာလအတွင်းမှာလည်း မန္တလေး-ဟုမ္မလင်း လေကြောင်းလိုင်းတွေဟာ ယခင်လို နေ့စဉ် ပြေးဆွဲနိုင်ခြင်းမရှိတော့သလို တစ်ပတ် သုံးကြိမ်သာ သွားလာပြေးဆွဲပြီး ကုန်ပစ္စည်းတင်လေယာဉ် Crago တွေလည်း တစ်ပတ် သုံးကြိမ်သာ ထွက်တော့တဲ့ အနေအထားဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...