သထုံတွင် ကလေးအပါ အမျိုးသမီး၊ အမျိုးသား ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရ၊ ယနေ့ထိ ပြန်မလွတ်သေး

သထုံတွင် ကလေးအပါ အမျိုးသမီး၊ အမျိုးသား ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရ၊ ယနေ့ထိ ပြန်မလွတ်သေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာက ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား အယောက် ၃၀ ထက်မနည်းကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြန်မလွတ်သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က စစ်ကော်မရှင်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ အင်အား ၅၀ ကျော်ခန့်ရှိသည့် ပူးပေါင်းအဖွဲ့သည် ကရင်လေးဆိပ်ကျေးရွာထဲ ဝင်ရာက်စီးနင်းမှု လုပ်ဆောင်ခဲ့ကြောင်း ယင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက ပြောသည်။    

“စစ်သားတွေရော ရဲတွေပါ ပါတယ်။ သေနတ်ပစ်ဖောက်ပြီးတော့ ကားတွေနဲ့ ရွာထဲဝင်လာတယ်။ ပြေးနိုင်တဲ့သူတွေကတော့ လွတ်လာကြတယ်။ အသက် ၁၃ နှစ်အရွယ် ကလေး ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၁၅ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ဖမ်းဆီးခံရသည့် ဒေသခံများကို စစ်ကော်ရှင်တပ်က သထုံအခြေစိုက် အမှတ် (၉) လေ့ကျင့်ရေးတပ်သို့ ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်းနှင့် ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

စစ်ကောင်မရှင်တပ်နှင့် ရဲတပ်ဖွဲ့မှ ကရင်လေးဆိပ်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုဖြစ်စဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်န့က သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား ရန်ကုန်- မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရမှု ဖြစ်စဉ်နှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။

ဓါတ်ပုံ - Facebook
July 3, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်း၌ အသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက်စက်...
July 2, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာများပေးပို့ခြင်းနှင့်...
July 1, 2026
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့...
ပုံ-Mon National High school Weng Sa Paw
June 30, 2026
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၆ ခုနှစ်...