ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတဲ့ ကျောက်မဲကို စစ်အုပ်စုက အဆိပ်ဗုံးကြဲပြီး ထိုးစစ်ဆင်

ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတဲ့ ကျောက်မဲကို စစ်အုပ်စုက အဆိပ်ဗုံးကြဲပြီး ထိုးစစ်ဆင်

ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတဲ့ ကျောက်မဲမြို့နယ်ကို စစ်အုပ်စုက အဆိပ်ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာကို လေကြောင်းကနေ ဗုံးအလုံး ၃၀ ကြဲချခဲ့တဲ့အပြင် အဆိပ်ဗုံး ၃ လုံး ကြဲချခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် လုံဝယ်ကျေးရွာထဲကို မြေပြင်ကနေပါစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ထိုးစစ်ဆင်မှုကြောင့် စက်တင်ဘာ (၂၈) ရက်နေ့မှာ ကျောက်မဲမြို့နယ်ထဲက လုံဝယ်၊ တောင်ဆေးလိပ်နဲ့ စခန်းသာကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့သလို နောင်ချိုမြို့နယ်က ဆိပ်ဖူးကျေးရွာနဲ့ ဘန်ကာချောင်းနားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ပါဝင်တဲ့ ကျောက်မဲခရိုင်ကိုတော့ စစ်အုပ်စုဟာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းထားပါတယ်။

ဒါ့အပြင် စစ်အုပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ် စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီစာရင်းထဲမှာတော့ လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မပါဝင်ခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်ထဲက နောင်ချိုကို ထိန်းချုပ်နိုင်သွားတဲ့ စစ်အုပ်စုဟာ ဆက်စပ်နေတဲ့ ကျောက်မဲကို ဆက်ပြီးထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်တာကို အရှိန်မြှင့် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...