ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စု (၅)မျိုးတို့ရဲ့ လက်ရှိအခက်အခဲတွေဖြေရှင်းနိုင်ဖို့ တွေဆုံဆွေးနွေးမည်

ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စု (၅)မျိုးတို့ရဲ့ လက်ရှိအခက်အခဲတွေဖြေရှင်းနိုင်ဖို့ တွေဆုံဆွေးနွေးမည်
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ်အတွင်း နေထိုင်နေတဲ့ တိုင်းလုံ(ရှမ်းကြီး)၊ တိုင်းလျန်(ရှမ်းနီ)၊ တိုင်းလေ၊ တိုင်းဆာနဲ့ တိုင်းခန္တီး စတဲ့ ရှမ်းတိုင်းရင်းသား(၅)မျိုးတို့ လက်ရှိကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ဖို့ ရှမ်းအဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရပါတယ်။

ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ  စက်တင်ဘာ (၂၆) နဲ့ (၂၇) နှစ်ရက်တာအတွင်း ရှမ်းတိုင်းရင်းသားများ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ဦးဆောင်ကာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

“ရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ်အတွင်းမှာ လတ်တလောဖြစ်ပျက်နေတဲ့ ရှမ်းလူမျိုးတွေရဲ့ အခက်အခဲများကို ပထမဦးဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြဖို့ပေါ့လေ။ အခက်အခဲတွေကို တင်ပြကြမယ်။ ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးရင် ဖြစ်နိုင်တာတွေ ဖြစ်သင့်တဲ့အရာတွေကို ဖြေရှင်း အကူအညီတောင်းကြမယ်။ ဌာနဆိုင်ရာတွေရယ် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ ဖြေလျှော့ပေးဖို့တွေပေါ့” ဟု ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ရှမ်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် (၁၀၀)ကျော်တို့ တက်ရောက်ဆွေးနွေးကြဖို့ ကနဦး စာရင်း ရရှိထားကြောင်းလည်း ၎င်းထံမှ သိရပါတယ်။

တက်ရောက်တဲ့ရှမ်းအဖွဲ့အစည်းတွေထဲမှာ ကချင်ပြည်နယ်မြို့နယ်အသီးသီးရှိ စာပေယဉ်ကျေးမှုအဖွဲ့များ၊ CSO/ CBO နဲ့ အရပ်ဘက်အဖွဲ့အစည်း အားလုံးပါဝင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ တိုက်ပွဲများ ဖြစ်ပွားနေမှုတွေကြောင့် ရှမ်းတိုင်းရင်းသားအများစုဟာ မြစ်ကြီးနားမြို့နဲ့ မိုးညှင်းမြို့တို့မှာ စစ်ဘေးတိမ်းရှောင်နေရကာ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားနဲ့ မိုးညှင်းမြို့ပေါ်ကို ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်တွေ အများအပြားလာရောက် တိမ်းရှောင်နေရပြီး သူတို့တွေရဲ့ အကြပ်အတည်းတွေဟာလည်း စိန်ခေါ်မှု ကြီးတစ်ရပ်အဖြစ်ရှိနေကြောင်း သိရပါတယ်။

March 2, 2026
စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုခေါ်ဆောင်ရာမှာ ငွေကြေးလာဘ်စားတာတွေ မရှိအောင်...
February 28, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသကို စစ်ကော်မရှင်ဥက္ကဋ္ဌ...
February 27, 2026
တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA )တပ်တို့အကြား တင်းမာမှုတွေဟာ...
February 26, 2026
အမေရိကန်ရဲ့ ပဲပုတ်ဖတ်တွေကို မြန်မာနိုင်ငံက ဝယ်ယူဖို့အတွက် အမေရိကန်တင်ပို့ရောင်းချသူ နဲ့...