မိုးကောင်း မြို့ဟောင်းကျေးရွာမှာ ဒေသခံတစ်ဦး နွားပျောက်ရှာရင်း မိုင်းနင်းမိ

မိုးကောင်း မြို့ဟောင်းကျေးရွာမှာ ဒေသခံတစ်ဦး နွားပျောက်ရှာရင်း မိုင်းနင်းမိ

မိုးကောင်းမြို့နယ်ရှိ (၈)မိုင် မြို့ဟောင်းကျေးရွာမှာ စက်တင်ဘာလ (၂၃) ရက်နေ့မှာ ဒေသခံ အမျိုးသားတစ်ဦး နွားပျောက် ရှာဖွေရင်း မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့သူများထံမှ သိရပါတယ်။

“ဒေသခံပဲ သူနွားပျောက်လို့ ရာဘာခြံဘက်မှာ သွားရှာရင်းနဲ့ ထိတာ မိုင်းကတော့ မိုင်းအဟောင်းလို့တော့ သူပြောသံတော့ ကြားလိုက်တယ်။ အတိအကျတော့ မသိဘူး။ စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်” လို့ ကူညီခဲ့သူ မိုးကောင်းမြို့ရှိ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ကျေးရွာအနီးက တောစပ်ရာဘာခြံတစ်ခုမှာ မြှုပ်ထားတဲ့မိုင်းကို နင်းမိတာဖြစ်ပြီး ဘယ်ဘက်ခြေထောက် ဆိုးဝါးစွာ ထိခိုက်ခဲ့သလို ခန္တာကိုယ်အနှံ့အပြားတစ်ခုလုံးကိုလည်း မိုင်းစများထိမှန်ခဲ့ကြောင်း သိရပါတယ်။

“အဓိက ထိတာတော့ ဘယ်ဘက်ခြေထောက်ကို ထိတာ ဒါပေမယ့် မိုင်းဖြစ်တဲ့အတွက် စင်တာတွေကတော့ တစ်ကိုယ်လုံးနီးပါး စင်ထားတာ အဓိကက သူသွေးပေါင်တွေ ထိုးကျနေတာ သွေးပေါင်တွေ တက်မလာဘူး” ဟု ဆက်ပြောပြပါတယ်။

ထိခိုက်ခဲ့သူမှာ အသက် (၄၅) နှစ်အရွယ် မြို့ဟောင်းကျေးရွာသားတစ်ဦးဖြစ်ပြီး ၎င်းကို မိုးကောင်းမြို့ ပြည်သူ့ဆေးရုံကြီးကနေ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဒီမိုင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားကြောင်းကိုတော့ မသိရှိရပါဘူး။

အလားတူ ၂၀၂၂ ခုနှစ် မိုးညှင်းမြို့နယ်ရှိ မြိုင်ကျေးရွာတွင် ဟင်းပြင်းရှာဖွေရင်း အမျိုးသမီးတစ်ဦး အခုလိုမိုင်းနင်းမိခဲ့ဖူးခဲ့ပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတစ်ချို့လည်း လှုပ်ရှားမှုရှိပြီး ရှမ်းနီအမျိုးသားများတပ်မတော်(SNA)  အဖွဲ့များလည်း စိုးမိုးမှုရှိပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...