ကန့်ဘလူတွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသမီး ၁ ဦးသေဆုံး

ကန့်ဘလူတွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသမီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်းရှိ ကျီစုကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ မိနစ်၂၀ အချိန်တွင် ကျီစုကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းနေရာများကို ပစ်မှတ်ထားကာ ဗုံး နှစ် ကြိမ် ကြဲချခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားနေတာ မရှိပါဘူး။ စစ်ရှောင်အများစု နေထိုင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ကြဲသွားတာပါ။ အမျိုးသမီး တဦးနေရာတင်သေဆုံးပြီး ကလေးငယ်များအပါ ၁၅ ဦး ဒဏ်ရာ အပြင်းအထန်ရတယ်” ဟု ကန့်ဘလူဒေသခံလည်းဖြစ်သည့် People’s Defense Comrade အဖွဲ့ဝင် တဦးက ပြောသည်။

သေဆုံးသူမှာ အသက်၆၀ ကျော် အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ကျီစုကျေးရွာသည် ကန့်ဘလူ- ရေဦး- ခင်ဦး သုံးမြို့နယ်ချုပ်စပ်တွင်ရှိပြီး ၊ ဗုဒ္ဓဘာသာဝင်များ နှင့် အစ္စလာမ်ဘာသာဝင်များ ပေါင်းစည်း နေထိုင်ကြသည့် အိမ်ခြေ ၈၀၀ ခန့် ရှိသည့် ရွာကြီး ဖြစ်သည်။

“စစ်ရှောင်တွေကတော့ တခြားကျေးရွာတွေ ကလာပြီး ရှောင်ကြတာပါ။ ရွာထဲက ဒေသခံတွေလည်း ယာယီတဲလေးတွေ ထိုးနေကြရတယ်။ တချို့က ရွာထဲမှာတောင် သိပ်မနေရဲကြဘူး။ မြို့တတ်သူတွေနဲ့ တောထဲမှာနေတဲ့သူတွေက များပါတယ်” ဟု ဒေသခံများထံက သိရသည်။

စစ်ကော်မရှင်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လပိုင်းအတွင်း မြေပြင်စစ်ကြောင်းများထိုးကာ ကျီစုကျေးရွာရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗလီများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကာ ဒေသခံ ၁၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ခဲ့သေးသည်။

photo credit - CJ

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...