ဇီးကုန်းရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဇီးကုန်းရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်း ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲ ခြောက်ဦး သေဆုံးပြီး လေးဦး အရှင်ဖမ်းမိကာ သေနတ် ၁၂ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက ယနေ့ (စက်တင်ဘာလ ၁၈ ရက်) တွင် ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်)တွင် ဇီးကုန်း စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ ကန့်ဘလူခရိုင်ကွပ်ကဲရေးစီမံချက်အနေဖြင့် ပြောက်ကျားစစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိ နှစ်ဦး အပါ၀င် ခြောက်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း (ပကဖ) က အသိပေးထားသည်။

ယင်းအပြင် အချုပ်ခန်းမှ အကျဉ်းသားသုံးဦး ဗိုလ်လေး နှစ်ဦး၊ တပ်သား နှစ်ဦး၊ တပ်သားမိန်းမ နှစ်ဦး၊ ကလေး နှစ် ဦးနှင့် စုစုပေါင်း ၁၁ ဦး ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လက်နက်များ အနေဖြင့် G3 သေနတ် ကိုး လက်၊ G4 သေနတ် တ လက်၊ MA15 သေနတ် တလက်နှင့် ပစ္စတို တလက် စုစုပေါင်း သေနတ် ၁၂ လက်သိမ်း ဆည်းရမိခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် အချိန် မိနစ် ၃၀ ခန့် သာကြာမြင့်ခဲ့ပြီး ဇီးကုန်းရဲစခန်း မှ စစ်ကူအချိန်မှီပို့ပေးရန် အကူညီတောင်းခဲ့ သော်လည်း စစ်ကူရောက်မလာခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

ဇီးကုန်းမြို့နှင့် နှစ်မိုင်၊ သုံးမိုင်သာ ဝေးသည့် ဇီးကုန်းသကြားစက်အထိုင်နှင့် ဝက်တိုးအထိုင်မှ စစ်ကော်မရှင် တပ်သားများသည် တိုက်ပွဲပြီးဆုံးပြီး နှစ်နာရီကြာခန့်၊ညနေ ၅ နာရီ ကျော်မှသာ ဇီးကုန်းမြို့အတွင်းသို့ စစ်ကူရောက်ရှိခဲ့ကြပြီး ဇီးကုန်းမြို့နှင့် ပတ်ပတ်လည်တွင် ကင်းပုန်းဝတ်၍ နေရာယူထားကြာင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ဆိုသည်။

“မြို့ပေါ်ပြည်သူတော့ မဲခံရမှာပေါ့၊ ပတ်ပတ်လည်ရွာတွေတော့ အကုန်မွှေပါလိမ့်မယ် လုပ်နေကြအတိုင်းပေါ့” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ သည့် စစ်ကြောင်းထိုး မီးရှို့ ခြင်း၊ ပြည်သူများကို ဖမ်းဆီး စစ်ဆေးသတ်ဖြတ် ခြင်းများကို အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများနားစွင့်၍ သတိထားသွားလာကြဖို့ လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ များက အသိပေး ထားသည်။

Most read this week

February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...