လောင်းလုံးမြို့နယ်အတွင်း ဗုံးကြဲခံရပြီး ဒေသခံ ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

လောင်းလုံးမြို့နယ်အတွင်း ဗုံးကြဲခံရပြီး ဒေသခံ ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
Photo credit - social media
Photo credit - social media

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု လောင်းလုံးမြို့ခံတို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်ခန့်က လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်အရှေ့တောဒေသတို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့နယ်မှ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"လောင်းလုံးမြို့နယ်ထဲက ၆ ယောက် ထိသွားတယ်လို့ ကြားတယ်ဗျ။ ဒီ ၆ ယောက်ထဲမှာဆို ၂ ယောက် က ဆုံးသွားပြီး။ ဆုံးသွားတဲ့ ၂ ယောက်က အဖွားအိုတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်၊ သရက် ချောင်းဘက်မှာလည်း ထိသွားတာရှိတယ်။ လက်လှမ်းမမီတော့ သေချာမသိရသေးဘူး” ဟု ပြောသည်။

အဆိုပါဒေသဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်တို့က ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်နေသည်ဟု ဆိုသည်။

သရက်ချောင်းနှင့် ထားဝယ်အရှေ့တောဒေသ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသည့်အခြေအနေကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ဗုံးကြဲချတိုက်ခိုက်မှု ရပ်တန့်သွားသော်လည်း ဝေဟင်ပေါ် လေယာဉ် ပျံဝဲနေဆဲဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

စစ်ကော်မရှင်တပ်တို့က ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်ဘက်သို့ အင်အားရာနှင့်ချီ ဖြည့်တင်းထားပြီး မြို့အဝင်၊ အထွက်နေရာတို့တွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့သို့ စစ်ခေါင်းဆောင်အချို့လာရောက်ရန်ရှိသည့်အတွက်ကြောင့် စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့အကြား ပြောဆိုနေကြသည်။

May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...