ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသတွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကြောင့် ၄ လအတွင်း ကလေးငယ် ၅ ဦး သေဆုံး

ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသတွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးကြောင့် ၄ လအတွင်း ကလေးငယ် ၅ ဦး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ မြို့နယ်အစပ်တွေမှာ တည်ရှိတဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ကလေး၊ လူကြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး အဖြစ်များနေကြပြီး ၄ လအတွင်း ကလေးငယ် ၅ ဦးအထိ သေဆုံးခဲ့ရပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့က အသဲအသန်လူနာ ၃ ဦးထဲကနေ အသက် ၅ နှစ်ရွယ် ကလေးငယ်က ဦးနှောက်ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါနဲ့ မနေ့ညနေ ၄ နာရီလောက်မှာ ဆုံးသွားတယ် လက်ရှိ မနေ့ကစလို့ ကျောင်းတွေလည်း ပိတ်လိုက်ရတယ် ကျောင်းသား၊ ဆရာ၊ ဆရာမတွေ ရွာသူရွာသားတွေ အားလုံးဖျားနေကြတော့ အခုလို ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါတွေက ဇွန်လကတည်းကဖြစ်တာ အဲဒီခဏသက်သာကြသေးတယ် အခု စက်တင်ဘာလ ပထမပတ်လောက်ကစလို့ ဒုတိယအကြိမ်ရောဂါ အဖြစ်ပြန်များလာတာဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ ငှက်ဖျားဆေးနဲ့ ဓါတ်ဆား တွေလိုအပ်နေကြတယ် ဒီရွာမှာက ကျနော်တစ်ယောက်ထဲ ဆေးကုနေရတယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ် အစပ်မှာ ဒိုင်ရ်လူမျိုးစုတွေ နေထိုင်ကြတဲ့ ဒိုင်ရ် ဒေသအမှတ် (၂) မှာ ကျေးရွာပေါင်း ၅၃ ရွာရှိပြီး လက်ရှိ ကျေးရွာတိုင်းက ကလေး၊ လူကြီး မရွေး ငှက်ဖျား၊ တုပ်ကွေးဖြစ်နေကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ငှက်ဖျား၊ တုပ်ကွေးကြောင့် ဒိုင်ရ်ဒေသသံချောင်းကျေးရွာဘက်က ကလေးငယ် ၄ ဦးနဲ့ ဟုမ်းကျေးရွာက ၁ ဦး စုစုပေါင်းကလေးငယ် ၅ ဦးဟာ လေးလအတွင်းမှာ ဖျားနာပြီး သေဆုံးခဲ့သလို အသည်းအသန်ဖျားနာနေကြတဲ့ ကလေးငယ်တွေ များစွာရှိနေသေးတဲ့အကြောင်းကိုလည်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ဒိုင်ရ်ဒေသမှာ ငှက်ဖျားဆေးနဲ့ ဓာတ်ဆားတွေ ရရှိနိုင်ဖို့ လိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ လူအင်အားလည်း လိုအပ်နေတဲ့ကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...