တမူးခရိုင်၌ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း ဒေသခံ ၁၆၁ ဦး သေဆုံးဟု KWHRO ထုတ်ပြန်

တမူးခရိုင်၌ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း ဒေသခံ ၁၆၁ ဦး သေဆုံးဟု KWHRO ထုတ်ပြန်
Photo credit - KWHRO
Photo credit - KWHRO

အိန္ဒိယ – မြန်မာနယ်စပ် ၊ စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်း တိုင်းပြည်အာဏာကို စစ်အုပ်စုကသိမ်းပိုက်ပြီးနောက် ဒေသခံ ၁၆၁ဦးသေဆုံးခဲ့ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) က စက်တင်ဘာလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။

တမူးခရိုင်ဒေသအတွင်း ဒေသခံများကြုံတွေ့နေရသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အမျိုးသမီးများ ကြုံတွေနေ့ရသည့်အခက်များဖော်ထုတ်ရှင်းလင်းရန်အပါအဝင် ဒေသအခြေအနေ များနှင့်ပတ်သက်ပြီး ၂၀၂၄ခုနှစ်မှစတင်ပြီး လေးလတကြိမ်ထုတ်ပြန်လျက်ရှိရာ ယခု မေလ မှ ဩဂုတ်လအတွင်း ဖြစ်စဥ်များအစီရင်ခံရာတွင် ဒေသခံများသေဆုံးမှုကို ဖော်ပြထားခြင်းဖြစ်သည်။

လေးနှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဂျက်ဖိုက်တာ ၊ စစ်ရဟတ်ယာဥ် များဖြင့် ပြည်သူ့နေအိမ်များနှင့် တော်လှန်ရေးတပ်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးချမှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှု ၂၃၆ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အရပ်သားများသေဆုံးမှုများသည် လက်နက်ကိုင်တပ်ဖွဲ့များညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်နက်ကြီး ကျည်၊ ဗုံး၊ မိုင်းနှင့် အိန္ဒိယနိုင်ငံစစ်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့သတ်ဖြတ်မှုများပါဝင်သည်” ဟု KWHRO ကဆိုသည်။

၎င်းအပြင် မြေမြှပ်မိုင်း၊ ဗုံး၊ ကျည်ဆံများနှင့် ပျူစောထီးများ၏ ရိုက်နှိက်မှုကြောင့် အရပ်သား ၁၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကော်မရှင်တပ်က ဒေသခံ ၁၇၆ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်နှင့် လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက ကျေးရွာလူနေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း ၊ ဗုံးကြဲမှုကြောင့် ကျေးရွာ ၂၀ မှ လူနေအိမ် အဆောက်အဦ ပျက်စီးမှု ၅၈၀ကို စာရင်းကောက်ယူနိုင်ခဲ့သော်လည်း မြေပြင်တွင် ၁,၀၀၀ကျော် ဆုံးရှုံးခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

တမူးမြို့သည် အိန္ဒိယနိုင်ငံ – မဏိပူရပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် နယ်စပ်မြို့ဖြစ်ပြီး ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့သစ်နှင့် ခါမ်းပါတ်မြို့အပါအဝင် မြို့နယ်အတွင်းရှိ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားကာ မြို့ပေါ်နှင့် ကျေးရွာအနည်းငယ်ကိုသာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားနိုင်တော့သည်။

တိုက်ပွဲများဖြစ်ပွားခြင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ပြည်တွင်းနှင့် အိန္ဒိယနိုင်ငံနယ်စပ်တလျောက် ဒေသခံ စစ်ဘေးရှောင်များတိုးပွားလျက်ရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၂၃,၈၀၀ဦးရှိကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၏ စာရင်းများအရ သိရသည်။

ဒေသခံများနှင့်ပတ်သက်သော စစ်ရေးပဋိပက္ခ၊ ပြည်သူများ၏စားဝတ်နေရေးနှင့် အလုပ်အကိုင်၊ စီးပွားရေး၊ စစ်ဘေးရှောင် အမျိုးသမီး ကျန်းမာရေး၊ ပညာရေး၊ မူးယစ်ဆေးဝါး၊ ရွေးကောက်ပွဲ စသည့် အခြေအနေများကို လက်လှမ်းမိသမျှစုစည်းထားသည့် အချက်အလက်များကို တင်ပြ ၏ထားခြင်းဖြစ်ပြီး မပါဝင်သေးသော၊ မသိလိုက်ရသော အချက်လက်များရှိပါက ၎င်းတို့ထံ လွတ်လပ်စွာပေးပို့နိုင်ကြောင်း KWHRO က အသိပေးထားသည်။

ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးကို မြန်မာနိုင်ငံတွင် စစ်မှန်သော တရားမျှတမှု၊ လွတ်လပ်မှုများရရှိရန်နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ကူကီးလူမျိုးများအပေါ် ဘက်ပေါင်းစုံ ဖိနှိပ်ခံနေရမှုများ ရပ်တန့်စေရန် လူမျိုးတန်းတူရေးနှင့် အမျိုးသမီးများ ဓလေ့ထုံးတမ်း အရ ဖိနှိပ်မှုများမှ လွတ်မြောက်ရန် စသောရည်ရွယ်ချက်များဖြင့် အိန္ဒိယ – မြန်မာနယ်စပ်တနေရာ တွင် ၂၀၀၀ ခုနှစ် ဇန်နဝါရီလက ကူကီးအမျိုးသမီးများမှ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင်ဖြစ်သည်။

February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...