ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ

ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ

ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီက အင်အား အလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်များကို အရှိန်မြှင့်ပြုလုပ်နေ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်သည်။

စကခ (၁၄)၊ စကခ (၁၇) လက်အောက်ခံ ခမရ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများ၊ စစ်မှုထမ်းတပ်သားသစ်များဖြင့် စုပေါင်းထားသည့် စစ်ကြောင်းတို့သည် မကွေးနှင့် ဧရာဝတီရှိ ရခိုင်နှင့် အစပ်မြို့နယ်များကို ထိုးစစ်ဆင်နေခြင်းဟု စက်တင်ဘာ ၁၀ ရက်က AA ထုတ်ပြန်ထားခြင်းဖြစ်သည်။

"စစ်ကောင်စီက တပ်မ-၉၉ လက်အောက်ခံတပ်တွေနဲ့ မနိုင်တော့တာကြောင့် ရှမ်းမြောက်မှာ အခုအောင်မြင်မှု ရရှိထားတဲ့ စစ်တပ်တွေနဲ့ တိုက်ခိုက်လာတာရှိတယ်။ အဓိကတော့ ရှမ်းမြောက်တပ်တွေက စိတ်ဓာတ်အမြင့်ဆုံးရောက်နေတဲ့ တပ်တွေဆိုပြီး တပ်ပြောင်းပြီး တိုက်တာပေါ့" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သို့သော် ရှမ်းမြောက်က အောင်ပွဲရ စစ်ကောင်စီတပ်များမှာ အာရက္ခတပ်တော်၏ ခုခံတန်ပြန် စစ်အောက်မှာ အကျအဆုံးများနှင့် တပ်ဆုတ်ထွက်ပြေးမှုများရှိကြောင်းလည်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၄ ရက်နှင့် ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း ယမန်နေ့ AA က ထုတ်ပြန်လာသည်။

စစ်ကောင်စီက မကွေးတိုင်းအတွင်း အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် နေရာများကို ပြန်လည် ရရှိရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး အစောပိုင်းတွင် တပ်မ - ၉၉ လက်အောက်ခံတပ်များဖြင့် ထိုးစစ် လုပ်ခဲ့သော်လည်း မအောင်မြင်၍ စကခ (၁၇)နှင့် စကခ (၁၄) လက်အောက်ခံတပ်များနှင့် အပြောင်းအလဲလုပ်ကာ ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရှမ်းမြောက်ကတပ်များဖြင့် နတ်ရေကန်ဗျူဟာမှ တစ်ဆင့် အမ်းမြို့ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။

"စကခ-၁၇ ကလည်း စက်တင်ဘာ ၄ ရက်နဲ့ ၇ ရက်နေ့တို့မှာ တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တော့ အင်အား ၇၀ သေဆုံးပြီး တပ်ဦးကျိုးသွားပြီလို့ ပြောလို့ရတယ်။ သူတို့ရဲ့ ရည်မှန်းချက်က နတ်ရေကန်မှ အမ်းမြို့ဆီသွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နတ်ရေကန်မှာပဲ တပ်မ-၉၉ တပ်ဦး ကျိုးသလို အခုလည်း နတ်ရေကန်တိုက်ပွဲမှာပဲ ချေမှုန်းခံရနိုင်တယ်လို့ မှန်းလို့ရတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသော နယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းနေပြီး ရှမ်းမြောက်ဒေသတွင် မြို့နှင့်နေရာအချို့ ပြန်ထိန်းချုပ်မှု ရှိနေသည်။

တပြိုင်နက်တည်းတွင် ရခိုင်ပြည်သို့ ဝင်ရောက်ရန် အင်အားအလုံးအရင်းသုံးပြီး ထိုးဖောက်နေသော် လည်း အာရက္ခတပ်တော်၏ ခုခံတန်ပြန်စစ်ကြောင့် အထိနာကာ စစ်ရေးရှုံးနိမ်မှုနှင့်သာ ရင်ဆိုင်နေရသည်။

စစ်ကောင်စီသည် ရခိုင်ဒေသသို့ ဝင်ရောက်ရေး မကွေး၊ ပဲခူးနှင့် ဧရာဝတီ အပြင် ယောဒေသနှင့် ချင်းပြည်ကို တိုက်ခိုက်ကာ ပလက်ဝဘက်မှလည်း ထိုးစစ်ဆင်မှုများလုပ်လာနိုင်ကြောင်း စစ်ရေး အကဲခတ်သူတို့က သုံးသပ်နေကြသည်။

အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...