မြစ်ကြီးနားမြို့မှာ ရွှေဆိုင်နဲ့ နေအိမ်တွေကို နှစ်ရက်ဆက် ဓားပြတိုက်မှုဖြစ်ပွားခဲ့

မြစ်ကြီးနားမြို့မှာ ရွှေဆိုင်နဲ့ နေအိမ်တွေကို နှစ်ရက်ဆက် ဓားပြတိုက်မှုဖြစ်ပွားခဲ့
Photo - VSN
Photo - VSN

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်က ရွှေဆန်းလီရွှေဆိုင်မှာ  ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃နာရီခွဲတွင် မြစ်ကြီးနား အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီရွှေဆိုင်မှာ ဆိုင်ကယ်ဦးထုပ်အုပ်ဆောင်းထားသော အမျိုးသား ၃ ယောက်မှ ဓားပြဝင်တိုက်သွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ 

ဓားပြတိုက်ခံရမှုမှ  ရွှေဟန်းချိန်း ၁၀ ကုန်း၊ ရွှေလက်စွပ်အကွင်း ၄၀ နဲ့ ရွှေဆွဲကြိုး အကုံး ၂၀၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။ 

“ဓားပြတိုက်မှုတွေက ဟိုတစ်ရက်က အောင်နန်းမှာ ရွှေဆိုင်ကိုဝင်တိုက်တာ၊ ကချင်စုမှာလည်း ဓားပြပါပဲ။ အောင်နန်းမှာတိုက်တဲ့ဟာက ရွှေဆိုင်လေ။ မဖမ်းမိဘူးထင်တယ်ကော။ ရွှေဆိုင်တွေက ကောင်မလေးတွေပဲရှိတာ

ဆိုတော့လေ။ ဟိုနေ့ကလည်း တပ်ကုန်းမှာဖြစ်သေးတယ်။ သုံးလေးငါးဦးမကတော့ဘူးလေ” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။ 

မြစ်ကြီးနားမြို့မှာ ဓားပြတိုက်မှုများ ရက်ပိုင်းအတွင်း၂ ကြိမ်ထက်မက ဖြစ်ပွားခဲ့ပါတယ်။ 

စက်တင်ဘာလ ၇ ရက်နေ့က ကချင်စုရပ်ကွက်မှာ လမ်းသွားလမ်းလာ ဒေသခံ အမျိုးသားတစ်ဦးကို ဓားပြတိုက်ရန်ကြိုးပမ်းခဲ့တဲ့ လူငယ် ၆ယောက်ကို ရပ်ကွက်ပြည်သူတွေ ဖမ်းဆီးရမိနိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

အဲ့ဒီနေ့က လုယက်ခံရတဲ့ အမျိုးသားကတော့ လက်ညှိုးမှာ ပြတ်ရှဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၆ ဦးဟာ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိရသေးဘူးဟု ဒေသခံများက ဆိုပါတယ်။

မြစ်ကြီးနားမြို့ပေါ်ရှိ လူနေရပ်ကွက်တွေမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ဖြစ်ပွားနေပေမဲ့ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ဒေသခံတွေ အထိတ်တလန့်ဖြစ်နေပြီး သတိထားနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

“အာဏာပိုင်တွေက ဘာလုပ်မလဲ သူတို့ အလုပ်နဲ့သူတို့တောင်မနိုင်ဘူး။ သူတို့လည်း ဆိုင်ကယ်တွေဖမ်း၊ ကားတွေဖမ်း အဲ့တာပဲလေ သူတို့လည်း ကိုက်နေတာပဲကော” လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

ဓါးပြတိုက်ခံရမှုတွေများပြားလာတာဟာ မူးယစ်ဆေးဝါးတွေ ပေါများလာတာတွေကြောင့်လို့ ပြောဆိုနေကြပါတယ်။

January 8, 2026
စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း ဝန်းသိုမြို့ရှိ စစ်တပ်စခန်းတွေကို တိုက်ခိုက်သွားမှာဖြစ်ပြီး...
January 7, 2026
ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ...
January 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲကြောင့်  မိုးညှင်းမြို့အတွင်းကို...
December 18, 2025
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့  KIA+PDF...