ရွေးကောက်ပွဲဝေဖန်သူကို စစ်ကော်မရှင်က ပုဒ်မ ၂၃(က)ဖြင့် အမြင့်ဆုံးထောင်ဒဏ်ချမှတ်

ရွေးကောက်ပွဲဝေဖန်သူကို စစ်ကော်မရှင်က ပုဒ်မ ၂၃(က)ဖြင့် အမြင့်ဆုံးထောင်ဒဏ်ချမှတ်

စစ်ကော်မရှင်၏ရွေးကောက်ပွဲကို ဝေဖန်ခဲ့သူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှ ကိုနေသွေးအား ရွေးကောက်ပွဲကာကွယ်ရေးဉပဒေပုဒ်မ ၂၃(က)ဖြင့် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ် ချ မှတ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၀ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြ သည်။

ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များလုပ်ဆောင်ခဲ့မှုဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း ဆိုထားသည်။

စစ်ကော်မရှင်က ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းတွင်ပြဋ္ဌာန်းခဲ့သည့် အထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဉပဒေပုဒ်မ ၂၃ (က)သည် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

လက်ရှိ ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ကိုနေသွေးအနေဖြင့် လားရှိုးမြို့တွင်ဖြစ်ပွားသည့် ကားလုယက် မှုနှင့် ပတ်သက်ပြီး ၎င်း၏ Lashio Baegyi လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းက “မဲပေးဖို့ချည်းဇွတ်ပြောပြီး မင်းတို့က ဘာကောင်တွေလဲဆိုတဲ့ ……. သေချာကြည့်၊ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ‌ေ-ာက်ဖြစ်မရှိဘဲ  ပြည်သူ ဆီက မဲလိုချင်ရင်တော့……..”ဟု ရေးသားခဲ့သည်။

ယင်းအပေါ် ရွေးကောက်ပွဲကိုပျက်ပြားစေရန်ရည်ရွယ်ပြုလုပ်နေသည်ဟုဆိုကာ ကိုနေသွေးကို စစ်ကော် မရှင်က ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

စစ်ကော်မရှင်အနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူများကို အရေးယူရန် ပါတီစုံ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟုခေါ်သည့် ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဉပဒေတွင် စစ်ကော်မရှင်ရွေးကောက်ပွဲ ပျက်ပြားစေရန် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ် များ ချမှတ်ရန်ပြဋ္ဌာန်းထားပြီး လူသေဆုံးမှုဖြစ်စေပါက သေဒဏ်အထိ ချမှတ်ရန် ရေးဆွဲထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဉက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က စက်တင်ဘာလ ၂ ရက်နေ့ အထိ ရွေးကောက်ပွဲကာကွယ်ရေးဉပဒေဖြင့် အရေးယူခဲ့မှု သုံးမှုရှိကြောင်း ပြောဆိုထားသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...