မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်မှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ စစ်ကော်မရှင်က လမ်းသွား/လာတွေကို တာဆီးစစ်ဆေးနေ

မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်မှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ စစ်ကော်မရှင်က လမ်းသွား/လာတွေကို တာဆီးစစ်ဆေးနေ

မြစ်ကြီးနား-မြစ်ဆုံလမ်း ပလနကျေးရွာ အထက်တန်းကျောင်းအနီး လမ်းဆုံမှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကော်မရှင်တပ်သားအပြင် ရဲတွေပူးပေါင်းပြီး လမ်းသွား/လာ ကား၊ ဆိုင်ကယ်သမားတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ကနေ ၉ နာရီခွဲ အချိန်အထိ အထက်ပါ လမ်းဆုံမှာ စစ်ကော်မရှင်တပ်သားနဲ့ ရဲ‌တွေ စုစုပေါင်း ၁၀ ဦးဝန်းကျင်လောက် စောင့်ကြပ်ပြီး တားဆီးစစ်ဆေးခဲ့ကြတာလို့ မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ပလန လမ်းဆုံမှာ အရမ်းစစ်တယ်။ စစ်သားတွေရော၊ ရဲရောပါတယ်။ ရပ်ခိုင်းပြီး စစ်တာ” လို့ ပြောပါတယ်။

အထက်ပါ ဒေသခံရဲ့ ဆက်လက်ပြောပြချက်အရ အထက်ပါ စစ်ကော်မရှင်နဲ့ ရဲတပ်သားတွေဟာ မြစ်ကြီးနားကနေ အထက်ဘက်တက်မယ့် ကားတွေကို အဓိကစစ်ဆေးနေတာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အထက်ပါ လမ်းဆုံနေရာမှာ စစ်ကော်မရှင်နဲ့ ရဲတပ်သားတွေ စောင့်ကြပ်စစ်ဆေးတာ မှန်ကန်ကြောင်း နောက်ထပ် မြစ်ကြီးနား ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။

အခုလို ရုတ်တရက် စစ်ဆေးတာတွေ ပြုလုပ်လာကြတဲ့အတွက် လမ်းသွား/လာပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်းကနေစပြီးတော့ မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က ရွှေစက်လမ်းခွဲကနေ ပလနအထိ လမ်းတစ်လျှောက် ရွှေစက်လမ်းခွဲ၊‌ ခြောက်မိုင်ကုန်း ဘုန်းကြီးကျောင်းအနီး၊ ပလန နယ်မြေရဲစခန်းရှေ့၊ ပလန အထက်တန်းကျောင်းအနီး၊ ယိန်းခေါလမ်းခွဲအနီး နေရာ ၅ နေရာလောက်မှာ စစ်ကောင်စီတပ်သားတွေ နှစ်ယောက်၊ သုံးယောက်လောက် နေရာခွဲ စောင့်ကြပ်တာတွေ ပိုတွေ့လာရတယ်လို့လည်း သိရတာပါ။

အထက်ပါ နေရာတွေမှာ စစ်ကောင်စီတပ်တွေဟာ အချိန်ပြည့် နေ့တိုင်းစောင့်ကြပ်တာမျိုးတော့ မဟုတ်ပေမဲ့ ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်လေ့ ရှိနေတယ်လို့လည်း ထပ်မံ သိရှိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၄ခုနှစ် စက်တင်ဘာလ အတွင်းကလည်း စစ်ကော်မရှင်တပ်သားတွေဟာ နောင်နန်းတိုက်နယ်၊ ကဝါးခကျေးရွာအတွင်းက တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ ကားလမ်းမပေါ်၊ ယိန်းခေါလမ်းခွဲ၊ ပ.လ.န ရဲစခန်းအနီးက ခြောက်မိုင်ကုန်းနားနဲ့ ရွှေစက်လမ်းခွဲ စတဲ့နေရာတွေမှာ စစ်သား နှစ်ယောက်၊ သုံးယောက်စီလောက် နေရာယူ စောင့်ကြပ်တာတွေရှိခဲ့ပြီး ကုန်တင်ကားကြီးတွေကို ရှောင်တခင် တားဆီးစစ်ဆေးတာတွေပါ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...