ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ

ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။

နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂ ရက်နေ့  ညနေပိုင်း ၅ နာရီ နဲ့ ၆ နာရီကြားအချိန်မှာ ပျောက်ဆုံးသွားရာက‌နေ စက်တင်ဘာလ ၅ ရကနေ့ နေ့လည် တစ်နာရီဝန်းကျင် နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ခြုံ‌တောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“ဟိုတလောက ပိန်းဥစိုက်တဲ့သူတွေလည်း ဟိုတလောက မသွားဖြစ်ဘူး။အဲဒါဒီနေ့ မြက်သွားရှင်းမယ်ဆိုပြီး သွားကြည့်တော့ နံစော်တဲ့ အနံ့ရတယ်ဆိုပြီး ကျွန်တော်တို့ရွာက အဘွားတစ်ယောက်က နွားလားဆိုပြီး ယင်ကောင်တွေဝဲပြီး အသံကြားနေရတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီပါနေလို့ သေချာသွားကြည့်လိုက်တော့ ပျောက်နေတဲ့ လဘူမေရီနန်ဇင် ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ကလေးရဲ့ ရုပ်အလောင်းဟာ ပုပ်ပွနေပြီး မျက်နှာလည်း မမှတ်မိလောက်တော့တဲ့အထိ ပျက်စီးသွားပြီဖြစ်တဲ့အတွက် သယ်ယူဖို့တောင်ခက်ခဲသွားတယ်လို့ သိရပါတယ်။

မိသားစုဝင်တွေနဲ့နီးစပ်သူတွေပြောချက်အရသေဆုံးကလေးရဲ့ ဗိုက်၊ချပ် ဘေးနားမှာ ၃ လက်မလောက်ရှိတဲ့ ထိုးတွင်းဒဏ်ရာကြောင့် အူတွေလည်း ထွက်နေတယ်ပြီး ဘောင်းဘီကိုလည်း ချွတ်ထားတဲ့ အနေအထားဖြစ်နေတဲ့အတွက် မုဒိန်းကျင့် သတ်ဖြတ်တာလို့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဘယ့်ကြောင့်ဆို‌သော် ကလေးရဲ့ရုပ်အလောင်းဟာ အရမ်းကို ပုပ်ပွနေပြီး မိသားစုဝင်တွေကနေပြီးတော့လည်း သေချာမြုပ်နှံပေးချင်တဲ့အတွက် အလောင်းခွဲစိတ်စစ်ဆေးမှုတွေတော့ မပြုလုပ်လိုက်ရဘူးလို့ သိရပါတယ်။

ဒါကြောင့် ပြစ်မှုကျူးလွန်သူနဲ့ ပက်သက်ပြီးတော့ တစ်စုံတစ်ရာ စုံစမ်းသိရှိဖို့လည်း ခက်ခဲနေသေးတယ်အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ကလေးမဟာ အဘိုး၊အဘွားတွေနဲ့ နေထိုင်နေတာဖြစ်ပြီး မိဘနှစ်ဦးကတော့ ငွေကြေးအခက်အဲကြောင့် ရှမ်းပြည်က ရွှေမှော်တစ်ခုမှာ အလုပ်သွားလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာဘဲ မြစ်ကြီးနားမြို့မှာ ထိခိုက်သေဆုံးသူ ၅ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆ဦးထိ ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၅ဦးထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးကတော့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ကျန်တဲ့ အမျိုးသား၄ဦးကတော့ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးထဲက အမျိုးသမီးနှစ်ဦးကတော့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျန်တဲ့ အမျိုးသား ၄ဦးကတော့ ဓားထိုးဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာ လုယက်မှုကြောင့် သေဆုံးသူ ထိခိုက်ဒဏ်ရာရရှိသူတွေ ပိုမိုများပြားလာပေမယ့်လည်း လက်ရှိ မြစ်ကြီးနားမြို့ကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီဘက်က ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ကားဆိုင်ကယ် ဖမ်းဆီးမှုတွေကိုသာ ပိုမိုအားစိုက် လုပ်ဆောင်နေတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...