အာရှလမ်းပိုင်းတွင် တိုက်ပွဲများ ပြန်စ

အာရှလမ်းပိုင်းတွင် တိုက်ပွဲများ ပြန်စ

ကရင်ပြည်နယ်၊ မြဝတီ အာရှလမ်းပိုင်းအား ပြန်လည်စိုးမိုးနိုင်ရေး စစ်ကော်မရှင်တပ်များ စက်တင်ဘာလ ၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဩဂုတ်လမှ စတင်ကာ အာရှလမ်းဟောင်းနှင့် လမ်းသစ် နှစ်ဘက်လုံးအား စစ်ကော်မရှင်က စစ်ကြောင်းပြန်ထိုးလာရာ စက်တင်ဘာလ ၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မြေပြင်ရဲဘော်တစ်ဦးက “စစ်တပ်ဘက်က ထိုးစစ်လို့ပြောရင်ရတယ်။ တပ်မ ၂၂ နဲ့ တပ်မ ၄၄ က ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီးတက်လာတယ်။ ဒီတစ်ခါ ထူးခြားတာက မြဝတီဘက်ကပါ ၄ ဘီးကားတွေ ဆင်းလာတယ်။ နှစ်ဖက်ညှပ် ထိုးမယ့်သဘောပေါ့။

တိုက်ပွဲကတော့ ၁ ရက်နေ့ထဲက စတာ။ နားလိုက် ဖြစ်လိုက်ပေါ့။ စစ်ကြောင်းရှေ့မတိုးနိုင်အောင် တိုက်ခိုက်နေရတာပဲ”ဟု ပြောသည်။

အာရှလမ်းမကြီးအား ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိနေသည်။

အာရှလမ်းမကြီးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းရာ အဓိက လမ်းမကြီးဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များက စိုးမိုးကာ အခွန်ရနေသောကြောင့် ကုန်သွယ်မှုအားလည်း စစ်တပ်က ပိတ်ဆို့ထားသည်။

အဆိုပါ လမ်းပိုင်းအားထိန်းချုပ်နိုင်ရန် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ပွဲကတော့ ကြမ်းနေတယ်။ ရတခ ဒုတိုင်းမှူးပါ လာထိုင်နေတယ်လို့ ကြားတယ်။ နောက်ပိုင်း ကစထ ၄ မှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတောင် ရောက်လာမယ်လို့တောင် ကြားနေရတယ်။” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အဆိုပါ လမ်းပိုင်းအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ်အတွင်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်တပ်က ၈ လကျော်ကြာသည်အထိ မထိန်းချုပ်နိုင်သေးပေ။

May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...