မင်းတပ်မှာ ဖောက်ထွင်းခိုးယူပြီး လူသတ်မှု ကျူးလွန်သူကို တည်ဆဲဥပဒေနှင့် အရေးယူမည်

မင်းတပ်မှာ ဖောက်ထွင်းခိုးယူပြီး လူသတ်မှု ကျူးလွန်သူကို တည်ဆဲဥပဒေနှင့် အရေးယူမည်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မင်းတပ်- မတူပီကားလမ်းမ မိုင် ၇၀ အနီး၊ လေရှိကျေးရွာတွင် နေအိမ်ဖောက်ထွင်း ခိုးယူပြီး လူသတ်မှု ကျူးလွန်သူကို တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လက်ရှိမှာက ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တည်ဆဲဥပဒေနဲ့ ကျနော်တို့ အရေးယူဖို့ ရှိပါတယ်။ ကျနော် တို့မှာ ပြည်သူ့ရဲဌာန ရှိတယ်၊ တရားစီရင်ရေးဌာနရှိတယ်။ တရားစီရင်ရေးကလည်း တည်ဆဲဥပဒေနဲ့ လွတ်လွတ်လပ်လပ် စွဲချက်တင်ပြီးမှ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

စက်တင်ဘာလ ၄ ရက် မွန်လွဲ ၁ နာရီခန့်က မင်းတပ်မြို့နယ်၊ လေရှိကျေးရွာတွင် နေအိမ်များကို ဖောက်ထွင်းခိုးယူနေသူက အသက် ၃၁ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု သိရသည်။

“လေရှိရွာမှာ အိမ်တွေကို ဖောင်ထွင်းခိုးယူနေရင်မှ အိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူပြီးတော့ နောက်တစ်အိမ်ကို ခိုးယူဖို့ လုပ်နေတဲ့အချိန်မှာ အဲဒီအမျိုးသမီးက အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ ကြိုးစားတယ်။ အဲဒါကို တားဖိုး ကြိုးစားရင်းနဲ့ သေဆုံးတဲ့အထိ ဓါးနဲ့ အကြိမ်ကြိမ်ထိုးသတ်တာပါ” ဟု ကိုယောမာန်က ပြောသည်။

ကျူးလွန်သူသည် မကွေးတိုင်း၊ ဆောမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာမှ လူငယ်တစ်ဦးဖြစ်ပြီး ၎င်းကို လက်ရှိမှာ ဖမ်းဆီးရမိထား သည်ဟု သိရသည်။

CDF - မင်းတပ်နှင့် တော်လှန်ရေးအင်အားစုများက မင်းတပ်မြို့နယ်ကို ၂၀၂၄ နှစ်ကုန်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...