စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
Photo - MCRD
Photo - MCRD

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ စာသင်ကျောင်းအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

ဩဂုတ်လ ၂၇ ရက်က ယင်းဆယ်ကျေးရွာ စာသင်ကျောင်းအနီးကို ဒရုန်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီး ကျောင်းသား/ သူနှင့် ဆရာ/မ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းကို ရောက်လာပြီး ကျေးရွာသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း လေးမျက်နှာဒေသခံတစ်ဦးက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “ဖမ်းထားတဲ့ အထဲမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေလည်း ပါတယ်။ အဓိကတော့ အဲဒီဖြစ်စဉ်နဲ့ စစ်ဆေးစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာ။ ပြန်လွတ်လာတာ မရှိသေးဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသူ ကျေးရွာသားများမှာ ကိုမင်းသူ၊ ကိုချစ်ကို၊ ကိုရဲသူရိန်၊ မသူဇာ၊ ဒေါ်ခင်နှောင်း၊ မမြင့်မြင့်လေး၊ ဒေါ်ခိုင်ခိုင်သင်းအပါဝင် ကျေးရွာသား ၁၁ ဦး ဖြစ်ပြီး သူတို့ကို ဩဂုတ် ၂၈၊ ၂၉ နှင့် ၃၀ ရက်တို့တွင် စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို လက်ရှိတွင် အိုင်သပြုရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။

“စစ်ကောင်စီက ရွာအဝင်/အထွက် ပိတ်ဆို့ထားပြီးတော့ မသင်္ကာသူတွေကို ဖမ်းဆီးနေတာ။ အခု ဖမ်းဆီးခံထားရသူတွေကလည်း အကုန်လုံး အရပ်သားတွေပဲ။ ဒရုန်းဗုံးကြဲတာ စစ်ကောင်စီက လုပ်တာလည်း ဖြစ်နိုင်တယ်။ လုပ်ဇာတ်ခင်းပြီးတော့ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု နောက်ထပ် လေးမျက်နှာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ယင်းဆယ်ကျေးရွာမှာ စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ်နေသည့် နေရာနှင့် ၆ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဒေသဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် ပုသိမ်-မုံရွာကားလမ်းပေါ်တွင် လက်ရှိ တိုက်ပွဲများ ပြင်းထန်ခြင်းမရှိကြသော်လည်း နှစ်ဖက်စစ်ရေးတင်းမာမှု ရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် အမှတ်(၂၉) ဗျူဟာ ဧရာဝတီတိုင်း စစ်ဌာနတို့က အဓိက ဦးဆောင်ပြီး လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေကြခြင်း ဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...