စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ
Photo credit - APM
Photo credit - APM

ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ၏ မြေပြင်၊ ရေပြင် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ထောင်နှင့်ချီမှာ ထပ်မံစစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကွန်းတောင်၊ အိုင်ဒင်၊ ကျွဲထိုး၊ တန်ခိုး၊ ကျော်ဇံ၊ ပဒေသာ၊ ဆင်အင်းကြီး၊ အထုတ်သည်၊ တံဘက်လှန်းစသည့် ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့်မှာ ယခုရက်ပိုင်းတွင် စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာသားတစ်ဦးက "ပုဏ္ဏားကျွန်းတောင်ပိုင်းက ဒေသခံတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်မှုတွေ ပြုလုပ်နေကြရတယ်။ အဓိကတော့ စစ်တွေအခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်းတွေက လက်နက်ကြီး မကြာခဏ ပစ်ခတ်တာ၊ ရေတပ်က ပစ်ခတ်တာ၊ နယ်စပ်က တပ်စခန်းတွေမှာ အင်အားတွေ အလွန်အကျူးဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် တိမ်းရှောင်မှုတွေ ပြုလုပ်နေကြရတာ" ဟု ပြောသည်။

စစ်တွေမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းများက ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများကို မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

လက်ရှိ စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည့် စစ်တွေမြို့အဝင် မင်းချောင်းတံတားကို ၎င်းတို့ ကိုယ်တိုင် ပြန်လည်ပြုပြင်နေပြီး ပုဏ္ဏားကျွန်းဘက်သို့ ထိုးစစ်ဆင်မည့် အရိပ်အရောင်တွေ့နေရကြောင်းလည်း ဒေသခံများ ခန့်မှန်းကြသည်။

ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက "စစ်ကောင်စီက အမြင့်ကျွန်း၊ ကျောက်တန်းချေ၊ ရာတန် ကျေးရွာအနီးက တပ်စခန်းတွေကို အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတာရှိတယ်။ နောက် ရခိုင်တိုက်ပွဲ အစောပိုင်းက သူတို့ မိုင်းခွဲထားတဲ့ မင်းချောင်းတံတားကိုလည်း ပြင်ပြီး ပြုပြင်နေတာကြောင့် ထိုးစစ်တွေ မလုပ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒါကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့အတွက် AA က ကြိုတင်ရွေ့ပြောင်းထားကြဖို့ အသိပေးထားတာရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်တိုက်ခိုက်မှုများ ပြုလုပ်သော်လည်း ပထဝီအနေအထားရ တပ်ပြန်ဆုတ်နိုင်ခြေသာရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်စစ်ဆိုင်ထားသည့် အနေအထားရှိကာ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသည်။

March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...