CDF-CDM-Siyin ရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

CDF-CDM-Siyin ရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေသော CDF-CDM-Siyin တပ်ဖွဲ့ဝင်တစ်ဦး အသက် ၂၇ နှစ်အရွယ် ရဲဘော် ထန်ခတ်ပုမ်း (ခ) Cyrus သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ သည်ဟု သိရသည်။

တိုက်ပွဲဝင်ရန်ပြင်ဆင်ပြီးချိန်တွင် မိမိကိုယ်ကို ရုတ်တရက် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏‌ အကိုဖြစ်သူ Cin Cin က ပြောသည်။

“မနေ့က မနက်ပိုင်းမှာ ၉ မိုင်ကနေ စစ်သားတွေတက်လာတယ်ဆိုတဲ့သတင်းကြားတော့ ရှေ့တန်းသွားဖို့ သူ့သူငယ်ချင်းတွေ နဲ့ ပြင်ဆင်တယ်တဲ့။ ပြီးတော့ သူက အရင်ဆုံးသွားပြီး၊ ခဏနေတော့ သေနတ်ပစ်ခတ်သံ ကြားတယ်တဲ့။ အဲမှာ သူ့သူငယ်ချင်း တွေ ထွက်ပြီးသွားကြည့်လိုက်တော့ ကျွန်တော့်ညီက သေပြီးနေပြီတဲ့။ မနက် ၈ နာရီလောက်ဖြစ်မယ်။ ကျွန်တော့်ညီမှာ ဘာစိတ်ညစ်စရာများရှိလို့ ဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်လဲ မသိဘူးဗျာ။” ဟု ၎င်းက ပြောသည်။

ရဲဘော် Cyrus သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ကလေးတက္ကသိုလ်မှာ ဘူမိဗေဒ(Geology) ဒုတိယနှစ် တက်ရောက်နေခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ မြန်မာ့နွေဦးတော် လှန်ရေးထဲမှာ ပါဝင်လာခဲ့သူဖြစ်သည်။

“ကျွန်တော့်ညီက နိုင်ငံရေးမကောင်းတဲ့အချိန်ကစလို့ မနေ့က ဒီလိုမဖြစ်ခင်အထိ နိုင်ငံနဲ့ လူမျိုးအတွက်ဆိုပြီး တော်လှန်ရေး မှာပါဝင်တာပေါ့နော်။ ကျွန်တော့်ညီကဗျာ တော်လှန်ရေးမှာ ကျွန်တော်မပါလို့မဖြစ်ဘူး။ ကျွန်တော်တို့ စခဲ့ပြီးပြီး အဆုံးတိုင် တိုက်ပွဲဝင်မယ်၊ မရပ်တော့ဘူး ဆိုပြီးပြောခဲ့တာပါ။ သူတာဝန်ထမ်း‌ဆောင်ခဲ့တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဆိုရင်လည်းပဲ သူ့မိသားစုလို၊ သူ့ကိုယ်ပိုင်လို စိတ်ရင်းနဲ့ တွက်ထားတာဗျ။” ဟု ရဲဘော် Cyrus ၏ အကို Cin Cin က ပြောသည်။

ရဲဘော် ထန်ခတ်ပုမ်း(ခ) Cyrus သည် မွေးချင်းညီအကိုမောင်နှမ ၇ ယောက်ထဲက တတိယအကြီးဆုံးသားဖြစ်ပြီး ရုပ်အလောင်းကို ၎င်း၏မွေးရပ်မြေမှာ ခရစ်ယာန်ထုံးတမ်းအစဉ်လာအတိုင်း သဂြိုလ် ကြမည်ဟု သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...